||Unicode||
" Jungkook ဘာလို့ ဆင်းလာတာလဲ "
၂ရက်နီးပါးလုံး ကုတင်ပေါ်မှာဘဲ နေခဲ့ရတာကြောင့် ခန္တာကိုယ်က နှုံးနေပြီမို့
ပန်းဆိုင်ရှိရာ အောက်ထပ်ကို ဆင်းလာခဲ့ခြင်းပေ။" ထိုင်နေ ဦးနော် Jungkook "
" အွန်း "
ထိုင်ခုံပေါ်မှာ ထိုင်ကာ ဆိုင်ထဲကို မျက်လုံးက
လျှောက်ကြည့်နေမိသည်။ရောင်စုံပန်းပွင့်တွေနဲ့ ပြည့်နေတဲ့ဆိုင်လေးက
တစ်မျိုးလေး ဆွဲဆောင်မှုရှိသည်။ရိုးရိုးရှင်းရှင်း ဆိုင်အပြင်ဆင်လေးက
ကောင်လေးနဲ့ လိုက်ဖက်တယ်လို့ ပြောလို့ရမည်။၂ရက်တာ ကာလအတွင်း ကောင်လေးအကြောင်း ကို သိသင့်သလောက် သိနေပြီ။
စကားများပြီး ဖော်ရွေတက်တဲ့ Taehyungက
သူ့လို အေးတိအေးစက် နဲ့ တစက််မှ သိပ်အကြောမတည့်ပေမယ့် Taehyungကတော့
အဲ့တာ တွေကို တွေးပုံမပေါ်။အားတဲ့အချိန်တိုင်း သူ့နားလာကာ စကားတွေ
တရစပ်ပြောနေတက်သည်။တစ်ခါတစ်လေ နှုတ်ခမ်းတထော်ထော်နဲ့
ပြောနေတဲ့ ကောင်လေးကို ကြည့်ကာ ငေးခနဲ
ဖြစ်ရပြန်သည်။ပန်းလေးတွေလို နူးညံ့တဲ့ Taehyungက သူ့လို
ကျည်ဆံတွေကြားမှာ နေထိုင်လာတဲ့ သူနဲ့
ဆီ နဲ့ ရေ လို ကွာခြားလှသည်။သူဒီမှာ ကြာကြာမနေချင် ဒဏ်ရာသက်သာတာ
နဲ့ ထွက်သွားမည် ။သူ့ကြောင့် ဘ၀တစ်ခုကို မပျက်စီးစေချင်။
ပြီးတော့ သံယောဇဉ်လည်း မတွယ်ချင်~~
" Jungkook ဒဏ်ရာက သက်သာရဲ့လား "
" အင်း သက်သာပါတယ် "
" လှုပ်လှုပ်ရှားရှား မလုပ်သေးပါနဲ့ဆို ပြီးရင်
ထယ် ဆေးထည့်ပေးမယ် "" ထယ်?"
" အာ ကျွန်တော်က အဲ့လိုဘဲ ခင်တဲ့သူတွေနဲ့ဆို
နာမည်ထည့်ပြီး ပြောတက်လို့ "" ကိုယ်နဲ့က ခင်လို့လား "
" Jungkookက မခင်ချင်လို့လားဟင် "

YOU ARE READING
𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||
Romance[ Unicode ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ " [ Zawgyi ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ "