||Unicode||
ဒီနေ့ ဆိုင်ဖွင့်ဖို့ လုပ်ထားပေမယ့်
အပြင်မှာ နှင်းတွေ အရမ်းကျနေတာ မို့ မဖွင့်ဘဲ
နေနေရသည်။Jungkookကတော့ အပေါ်ထပ်မှာဘဲ ရှိနေသည်။
ဆိုင်လည်း ဖွင့်ဖြစ်ဖို့ မလွယ်တာမို့ ဆိုင်ထဲမှာ
ဘဲ ပန်းစည်းလေးတွေ ထိုင်ပြင်နေချိန်။* ချွှင် ~~
တံခါးဖွင့်သံ ကြားလိုက်တာမို့
" ဒီနေ့ ဆိုင်ပိတ်..."
" Bunny ဘယ်မှာလဲ "
အနက်ရောင် ၀တ်စုံအပြည့်၀တ်ထားတဲ့
လူ ၃ယောက်။သူတို့လက်ထဲမှာလည်း သေနတ်တွေနဲ့။
အဲ့ထဲက တစ်ယောက်က သေနတ်ကို
ထယ်ယောင်း နှဖူးပေါ်ထောက်ကာ" မေးနေတယ်လေ Bunnyဘယ်မှာလဲ လို့ "
" ခင်များတို့ ဘာတွေလာမေးနေတာလဲ "
* ဒိုင်း...
ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ သေနတ်သံနဲ့အတူ မျက်နှာပေါ်ကျလာတဲ့ သွေးတွေ....
" ထယ် ငုံ့နေ "
Jungkook အော်သံကြားပြီးတဲ့အခါ
နားကို လက်နှစ်ဖက် နဲ့ အုပ်ကိုင်ကာ ကောင်တာ
အောက် ၀င်ငုံ့နေမိသည်။ကျယ်လောင်တဲ့ ကျည်စံသံတွေနဲ့ ပန်းအိုးကွဲတဲ့ အသံတွေက ဆူညံနေပြီး.......ခဏအကြာ အရာအားလုံးကတိတ်ဆိတ်သွားခဲ့သည်။
" ထယ် "
" Jungkook "
ကောင်တာ အောက််မှာ ပုန်းနေတဲ့ ထယ်က
သူ့ခေါ်သံကြားတဲ့အခါ ရင်ခွင်ထဲ
ပြေး၀င်လာသည်။မျက်ရည်တွေ ကျကာ ကြောက်လို့ တုန်ရီနေတဲ့
ကိုယ်လုံးလေးကို တင်းနေအောင်
ပြန်လည် ပွေ့ဖက်ထားမိသည်။ဘယ်ကနေ ဘယ်လို ခြေရာခံမိလာလဲ
မသိတဲ့ ကောင်တွေက ရုတ်တရပ်ရောက်လာခဲ့ပြီး
သူ့ကို ဒီလိုအခြေနေ ဖြစ်အောင် ဖန်တီးပစ်လိုက်လားထင်ရသည်။" ထယ် ...."
" Jungkook....ဟို ဟိုလူတွေ "
မျက်ရည်တွေနဲ့ ပြည့်နေတဲ့ မျက်၀န်းတွေက
သူ့ကို နာကျင်စေသယောင်။
![](https://img.wattpad.com/cover/249449913-288-k556986.jpg)
YOU ARE READING
𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||
Romance[ Unicode ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ " [ Zawgyi ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ "