||Unicode||
" ထယ်ယောင်း ငါတို့ ထွက်ပြေးရအောင် "
ဒီကိုစရောက်တဲ့ နေ့ကတည်းက
Jungkook နဲ့ Yoongi hyung မရှိတိုင်း ထိုစကားကို အမြဲ ပြောနေလေ့ရှိသည်။အသေးစိတ်ကအစ ရောက်ကတည်းက
ရှင်းပြထားပေမယ့် ခုထိ ကြောက်နေသေးဟန်။" Jimin ငါတို့ ထွက်ပြေးလို့မဖြစ်ဖူးလေ အရမ်းအန္တာရယ် များတယ် ပြီးတော့ Jungkook
စိတ်စိုးသွားလိမ့်မယ် "" အခု ဒီနှစ်ယောက်က လူဆိုးဂိုဏ်းက ခေါင်းဆောင်တွေနော် ထယ်ယောင်း သူတို့ကို ယုံလို့ ဖြစ်..."
" ဟေ့ ကြက်ပေါက် စကားကို ကြည့်ပြော "
ဘယ်ကတည်းက ရောက်နေမှန်းမသိတဲ့
Yoongi hyung..နောက်ကနေ ထွက်လာတဲ့ စကားသံကြောင့်
ကျောထဲ စိမ့်ခနဲ။" မင်းမနေချင် ထွက်သွား ထယ်ယောင်း တစ်ယောက်ထဲမလို့ Jungkookက အကူညီတောင်းလို့ မင်းကို ခေါ်ထားတာ ... ထယ်ယောင်းကို ကာကွယ်ပေးနေတာ အဲ့တာကို မင်းက လာစော်ကားနေတာလား "
Yoongi hyungက တကယ်ကြီး ပြောနေတာမို့
ထယ်ယောင်း ဘာ၀င်ပြောရမှန်းမသိတော့။သူငယ်ချင်းဘက်က ကာကွယ်ပေးချင်ပေမယ့်
Yoongi hyungပြောတာတွေက မှန်နေတာမို့
ဒီတိုင်းသာ ငြိမ်နေလိုက်သည်။နဂိုကမှ ဒီလူကြီးကို ကြောက်ပါတယ်ဆို
အခု မျက်နှာတည်ကြီးနဲ့ လာဟောက်နေတာမို့
လူက ငိုချင်လာသည်။" မကောင်းတဲ့ လူကြီး "
" Jimin..."
Yoongi ကို အော်ပြီး မျက်ရည်တွေနဲ့
ထထွက်သွားတဲ့ Jimin..." တောင်းပန်ပါတယ် Yoongi hyung ..."
" ရပါတယ် ...Hyungလိုက်သွားလိုက််မယ် "
တကယ်တမ်း ဒီပုံစံက သူ့နဂိုအတိုင်းပင်
ကြက်ပေါက်စကားကြောင့် နည်းနည်းဒေါသ
ထွက်သွားပေမယ့် ဒါ သူ အငြိမ်ဆုံးနည်းနဲ့
ရှင်းပြခြင်းဖြစ်သည်။အဲ့စကားကိုေပြာတာ ကြက်ပေါက််မဟုတ်ဘဲ
အခြားသူဆို ရှင်းပြမနေဖူး သူရိုက်သတ်ပီးလောက်နေပြီ။

YOU ARE READING
𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||
عاطفية[ Unicode ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ " [ Zawgyi ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ "