||Unicode||
" ထယ်ယောင်းရေ ငါလာတယ် "
" အော ! Jimin "
လူကို မြင်တာနဲ့ ချက်ချင်း ကိုင်ထားသော
ပန်းတွေကို ချကာ ရင်ခွင်ထဲ ပြေး၀င်လာတဲ့ ထယ်ယောင်း။" Aigoo ငါ့ ချင်းဂူးလေးက ဖက်ရတာ တစ်နေတာဘဲ "
" ဘာ ! Jimin အဲ့တာ ထယ့်ကို ၀တယ်ပြောတာမလား "
ထယ်ယောင်းက သူ့ကို ၀လာတယ်တို့ ဖောင်းကားလာတာဘဲတို့ ဆိုတာမျိုးတွေ ပြောရင် တစက် မှ မကြိုက် မျက်စောင်းက အရင် ဒိုင်းခနဲ ရောက်လာပြီသာ။
အဲ့လိုလေးတွေက မြင်ရတာ ချစ်ဖို့ကောင်းတာ
မို့ ခဏခဏ စနေရခြင်းပေ။" Jungkook ! ထမင်းစားပီးပီလား "
နှစ်ယောက်သား စကားပြောမလို့ ရှိသေး
အပေါ်ထပ်ကနေ ဆင်းလာတဲ့ လူတစ်ယောက်။ထယ်ယောင်းကလည်း ထို Jungkookဆိုတဲ့သူ
ဆင်းလာတာမြင်တာနဲ့ ချက်ချင်း ပြေးသွားကာ
ဂရုစိုက်နေသည်။* အဲ့ကောင်က ဘာလား *
" ထယ်ယောင်း သူက ဘယ်သူလဲ "
ဆူပုတ်ပုတ်နဲ့ မေးလာတဲ့ Jiminကြောင့်
ရီချင်စိတ်ကို ခဏထိန်းထားရသေးသည်။" အော ...သူက ဒီတိုင်း အသိ .."
" အသိ ?"
" အွန်း မတော်တဆ နည်းနည်းဖြစ်ထားလို့ "
" ဘယ်လိုမတော်တဆ "
" လျှာရှည်လိုက်တာ jimin ရာ "
မေးခွန်းတွေ တရစပ်လာတော့မယ့် Jimin ကြောင့် စိတ်ကမရှည်ချင်တော့။
Jungkookကို ကြည့်လိုက်တော့လည်း
မျက်နှာကို မှုန်သုန်နေသည် မျက် မှောင်ကြီးကလည်း ကုပ်ထားသေး။Jungkookရဲ့ ဒီလိုပုံစံကို တစ်ခါမှ မမြင်ဖူးသေး။
* မဟုတ်မှ လွဲရော jiminကို အမြင်ကပ်ပြီး သေနတ်နဲ့ ပစ်လိုက်ရင် !*
(AN - အတွေးလွန်နေသော ကင်မ်ထယ်🤣)
" Jimin မဖြစ်ဖူး ပြန်တော့ "
" ဘာလို့လဲ အခုမှ ရောက်တာလေကွာ "
" နောက်နေ့မှ အပြင်မှာ တွေ့မယ်နော် နော်လို့ "
![](https://img.wattpad.com/cover/249449913-288-k556986.jpg)
YOU ARE READING
𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||
Romance[ Unicode ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ " [ Zawgyi ] " အချစ်က ဒီဇင်ဘာမှာ မွေးဖွားခဲ့သည်။ "