Chapter - 8

4.9K 408 2
                                    

|| Zawgyi ||

[ နန်းတော်အတွင်း ဧည့်သည်တချို့ ]

" ကိုကို....ဖေဖေကိုစစ်သူကြီးလျှိက ဘာလို့ခေါ်ထားတာလဲဟင် ကြည့်ရတာဖေဖေက စစ်သူကြီးလျှိနဲ့သိပ်မပတ်သက်ချင်ဘူး ထင်တယ်"

ဖုန်းအာက အခုဘုရင်တပါးမဟုတ်တော့တာမို့ ဖေဖေလို့သာခေါ်စေသည်။ ရှောင်းကျန့်လေးက ပြန်ထွက်သွားတဲ့ လျှိလင်းရန်နဲ့အဖေဖြစ်သူကို ကြည့်ရင်းပြောလိုက်တယ်။ ရိပေါ်က သက်ပြင်းအသာချလိုက်တယ်။ သူနားလည်တယ် ဘာလို့ဒီလိုဖြစ်နေကြတာလဲ ဆိုတာကိုပေါ့....

" ဒါကသူတို့ကိစ္စပါ ကလေး ကိုယ်နန်းတော်အနှံလိုက်ပြမယ်လေ ကလေးရင်းနှီးသွားအောင်ပေါ့ "

ရိပေါ်နဲ့ရှောင်းကျန့် အတူတူလျှောက်သွားကြည့်နေတုန်း နန်းတော်ကိုသံတမန်နဲ့စာစောင် တစ်စောင်ရောက်လာခဲ့တယ်။ စစ်သည်တော်တစ်ယောက်က ရိပေါ် ရှိရာကိုပြေးလာပြီး လက်နှစ်ဖက်ဆုပ်ပြီး ခေါင်းငုံ့ကာ

"အရှင်ဧကရာဇ် ကိုအရိုအသေပေးပါတယ်။ ရွှယ်နိုင်ငံက သံတမန်နဲ့သဝန်လွှာရောက်လာပါတယ်။ "

ရိပေါ် မျက်မှောင်ကြုတ်လိုက်တယ်။ ရွှယ်နိုင်ငံက ဝမ်အင်ပါယာကိုမျက်စိကျနေပြီး ဘယ်အချိန်ချောင်းမြောင်းတိုက်ခိုက်ရမလဲဆိုတာ အမြဲတွေးနေတဲ့နိုင်ငံတစ်နိုင်ငံပင်။ သူ့နိုင်ငံကလည်းအင်အားအသင့်အတင့်ရှိသည်။ ရိပေါ် ဒီကိစ္စကိုထားလိုက်မလို့လုပ်နေတုန်း ရှောင်းကျန့်က

"ကိုကို အရေးကြီးတယ်ထင်တယ်။ သွားတွေ့လိုက်လေ ကလေး ကိုကို့အဆောင်တော်မှာဘဲ့ စောင့်နေမယ် "

ရိပေါ် ခဏစဉ်းစားလိုက်တယ်။ ကလေး ပြောတာမှန်တယ် ဒီကိစ္စအရေးကြီးတယ် ဒါမဲ့ကလေးထပ်တော့အရေးမကြီးနိုင်ချေ။

"ကိစ္စမရှိပါဘူး စောင့်ခိုင်းထားလိုက်မယ်။ "

ရိပေါ် အပြောကိုရှောင်းကျန့် နှစ်သက်ပေမဲ့ရိပေါ်က အင်ပါယာကြီးကိုအုပ်ချုပ်တဲ့ ဧကရာဇ်လေ။ ဒါကြောင့် သွားတွေ့ဖို့ပြောရတော့သည်။

"ကိုကို ကကလေးဆန်နေတယ်။ ဟီးဟီ သွားပါကလေးက ဘယ်မှမသွားပါဘူး နောက်နေ့တွေမှာလည်း နန်းတော်အနှံလိုက်ပြလို့ရတယ်လေ ။ "

My Own Emperor Where stories live. Discover now