Chapter - 17

3.5K 314 3
                                    

|| Zawgyi ||

[  ပူးပေါင်လာသူအသစ် ]

" ကလေး အားဆေးသောက်လိုက် ကိုကိုမခါးအောင်ကျိုခိုင်းထားတယ်နော် "

မနက်ရှောင်းကျန့်လေးနိုးတာနဲ့ အားဆေးသောက်ခိုင်းရသည်။ ရှန် မလာမခြင်းရှောင်းကျန့်လေးတော့ မနက်လင်းတိုင်းကိုက်ခဲနေတော့တယ်။ ရှောင်းကျန့် ဆေးခွက်ကိုမော့သောက်လိုက်သည်။ ဆေးသောက်နေတာ တစ်ပတ်လောက်တောင်ရှိတော့မည်။

" ကိုယ်ခဏနေ ညီလာခံသွားရမယ် ကလေးရင်နဲ့ခဏနေခဲ့နော် "

ရှောင်းကျန့် လိမ်လိမ်မာမာနဲ့ခေါင်းညိမ့်ပြသည်။ ထို့နောက် လက်ညိုးလေးတစ်ချောင်း ထောင်လိုက်ကာ

"ကိုကို ဒီနေ့ယွမ်အော် လာလည်မှာအဲ့ဒါအပြင်ထွက်ချင်လို့ "

"ကလေးရယ် အခုနေသိပ်မကောင်းဘူးမလား မဖြစ်ဘူးလေကွာ...ကလေးပြင်းနေရင် ကိုယ်ညီလာခံဖျက်သိမ်းပြီး ကလေးနဲ့အတူအဖော်ပြုပေးမယ်နော် "

ရိပေါ်ရဲ့အီဆိမ့်နေတဲ့ စကားအပြင်ချစ်သူ​လေးပြင်းနေတာဆိုတဲ့စကားနဲ့ အရေးကြီးတဲ့ညီလာခံကိုတောင် ဖျက်သိမ်းဖို့ပြောတာကြောင့် နဘေးကအရှင်းသာကြားနေရတဲ့ ရင်နဲ့ အထိန်းတော်ကြီးရဲ့ မျက်နှာကမဲချိတ်နေသည်။ ရှောင်းကျန့်လေးက အမြန်ဘဲ့ပြောလိုက်တယ်။

" မဟုတ်တာကိုကိုရဲ့ ကလေးကဒီတိုင်း....ဒီအတိုင်းစိတ်ပြေလက်ပျောက် နေချင်လို့ပါ။ ကလေးကြောင့် တော်ကြာကိုကိုအရေးကြီးတဲ့ ကိစ္စတွေနှောင့်နှေးသွားရမယ်။ နော်....နော်လို့... "

နှုတ်လေးစူပြီးပြောလိုက်သည်။ ရိပေါ် ဆိုသည်မှာကလည်း ရှောင်းကျန့်လေးအတွက်ဆို နှလုံးသားကပျော်ကျပြီးသားဘဲ့ အခုလိုချစ်စရာပုံလေးနဲ့ လက်ညိုးလေးထောင်ပြီးပြောတော့ နှလုံးတောင်ဘယ်နား အရည်ပျော်ကျသွားမှန်းတောင်မသိတော့ချေ။

"ဟုတ်ပါပြီ... ဒါမဲ့နန်းတော်ထဲကနေတော့ မထွက်ရဘူးနော် ကလေးတစ်ခုခုလိုတာဖြစ်ဖြစ် မကြိုက်တာဖြစ်ဖြစ် ချက်ခြင်းကိုယ့်ကိုပြော... နောက်ပြီး... "

"ခ်ခ်....ကိုကိုတကယ်ဘဲ့ ကလေးကဘယ်သွားမှာမို့လို့လဲ "

ရိပေါ်ရဲ့အမှာတန်းအရှည်ကြီးကို နားထောင်ပြီးတော့ ရှောင်းကျန့်လည်းပါးစပ်ပိတ်မရအောင် ရယ်နေလေတယ်။ လိုက်ကာအပြင်ဘက်က ရပ်နေကြတဲ့အစေခံတစ်ချို့မှာလည်း သူတို့ဧကရာဇ်ရဲ့အချစ်ကြီးမှုကြောင့် ​ရှော့နေကြတယ်။

My Own Emperor Where stories live. Discover now