Chapter - 30

2.6K 254 12
                                    

|| Zawgyi ||

[ သတင်းကောင်းတစ်ချို့ ]

ရိပေါ် သူအကြောင်းအရာ တစ်ချို့ကိုသိခဲ့ပေမဲ့ သူသိချင်တဲ့အဖြေတော့ မပါခဲ့ဘူး။ ဒါမဲ့ရှောင်းကျန့်လေးဘာကြောင့် သူ( ရှောင်ပိုင်) နဲ့စကားပြေညချင်မှန်းတော့သိခဲ့ရတယ်။ ရိပေါ် အဆောင်ကိုပြန်ရောက်တော့ မိုးသောက်ယံအချိန်ကိုရောက်နေပြီ ဒါမဲ့ရှောင်းကျန့်လေးကတော့ သူ့နေရာမှာသူငြိမ်ငြိမ်​လေးအိပ်နေခဲ့တယ်။

ရိပေါ် အိပ်ချင်စိတ်မရှိတော့တာမို့ သဝန်လွှာတစ်ချို့ကိုသာ ယူဖတ်နေလိုက်တယ်။ ဖယောင်းတိုင်မီးရောင်အောက်မှာ တစ်စောင်ပြီးတစ်စောင်ဖတ်နေပေမဲ့ ထူးခြားတဲ့အကြောင်းတင်ပြထားတာ မရှိဘူး။ အတော်များများဖတ်ပြီးနောက် အနီရောက်အောက်ခံနဲ့ ရေးထားတဲ့သဝန်လွှာကို တွေ့လိုက်ရတယ်။ ထိုသဝန်လွှာကတော့ ကျိန်းသေပေါက် အင်ပါယာရဲ့မိဖုရားတင်မြှောက်ရေး အတွက်တင်ပြထားတာဖြစ်တယ်။ ရိပေါ် ကုတင်ပေါ်ကကောင်လေးကို တစ်ချက်လောက်ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။

" ကောင်းပြီ အမတ်ကြီးတို့ဖြစ်စေချင်တာကို လုပ်ပေးတာပေါ့ "

မနက်မလင်းခင် ညီလာခံကိုစောစောကျင်းပစေလိုက်တယ်။ ညီလာခံထဲမှာတော့ အမတ်တွေရေးကြီးသုတ်ပြာ ကပြာကရာနဲ့ဝင်လာကြရတယ်။ အမတ်တွေကဘာကိစ္စကြောင့် အစောကြီးညီလာခံကို ခေါ်တယ်ဆိုတာမသိကြဘူး။ ဒါကြောင့်အမတ်တွေက တစ်ယောက်တစ်ပေါက် မေးမြန်ပြောဆိုနေကြတာ ဧကရာဇ်ကြွလာပြီလို့ ကြားလိုက်ရတဲ့အချိန်အထိဘဲ့။

ရိပေါ်က သူ့ရဲ့အေးစက်နဲ့အငွေ့အသက် အရှိန်အဝါတွေကို ထုတ်ဖော်ပြီးညီလာခံခန်းမထဲကိုဝင်လာခဲ့တယ်။ ရိပေါ်နန်းစတတ်ကတည်းက ဒီလိုအငွေ့အသက်တွေနဲ့ ရင်းနှီးတဲ့အမတ်ကြီးတွေကတော့ ပုံမှန်အတိုင်းနေနိုင်ပေမဲ့ မကြာခင်ကဖြစ်ပွားတဲ့ ပုန်ကန်မှုအပြီးမှာ လစ်လပ်သွားတဲ့ အမတ်နေရာတွေမှာ အစားထိုးခန့်အပ်လိုက်တဲ့ အမတ်အသစ်တွေမှာ ချွေးတစ်စက်စက်ကြလာပြီး ဒူးတောင်တုန်နေသလိုမျိုးခံစားရစေတယ်။

"ဧကရာဇ်ကို ဂါဝရပြုပါတယ် "

ရိပေါ် ပုလ္လင်ပေါ်မှာထိုင်လိုက်တာနဲ့ အမတ်ကြီးတို့အားလုံး ဒူးထောက်အရိုအသေပေးကြတယ်။ ရိပေါ်လက်တစ်ချက်ဝှေ့ယမ်းပြလိုက်ပြီး

My Own Emperor Where stories live. Discover now