Chapter - 19

3.5K 307 11
                                    

|| Zawgyi ||

[ ခရီးတစ်ဝက်...တစ်ခေါက်နားခြင်း ]

နေ့လည်မရောက်ခင်ကတည်းက မြို့တော်ရဲ့ဖြတ်လမ်းကနေ ထွက်လာခဲ့တာမို့ ညနေစောင်းတာနဲ့ ထျန်းယံရွာရဲ့တောအုပ်ကြီးကိုရောက်သွားသည်။ တောကိုဖြတ်ဖို့ ၃နာရီလောက်သာကြာပေမဲ့ နေဝင်တော့မှာမို့ ရိပေါ် တောထဲမှာဘဲ့စခန်းချဖို့ အမိန့်ပေးလိုက်သည်။

" ရောက်ပြီလား "

ရှောင်းကျန့် အိပ်ရာကယခုမှနိုးတာမို့ မျက်လုံးတွေပွတ်ရင်း ရိပေါ်ကိုမေးလိုက်သည်။

" မရောက်သေးဘူးကလေးရဲ့ ညနေစောင်းနေပြီ ဒါကြောင့်ကိုယ်ဒီမှာခဏရပ်ဖို့​ပြောလိုက်တာ "

" အော်....ကလေးကြောင့်နှောင့်နှေးရပြန်ပြီ "

ပြောရင်းရိ​ပေါ် ပေါင်ပေါ်အိပ်နေရာမှ ထလိုက်တယ်။ ရိပေါ်ကရှောင်းကျန့်လေး မျက်နှာကိုလက်ခုပ်ထဲထည့်လိုက်ကာ

" ဘာလို့ကလေးကြောင့်ဖြစ်ရမှာလဲကွာ...တကယ်ဆိုကိုယ့်ကလေးက အရမ်းတော်တဲ့သူလေးကို ရွှယ်မင်းသမီးတောင် ကလေးကိုကြောက်နေလောက်ပြီ..."

"ကို... ကိုကို သိတယ်"

ရှောင်းကျန့်လေး အံ့ဩသွားပြီး ခဏအကြာတော့ အပြင်ကရင်နဲ့တစ်ခြားတပ်သားတွေ စကားပြောသံကြားလိုက်တာမို့ ရှောင်းကျန့်နှုတ်ခမ်းကြီးစူထွက်လာပြီး

"ဟွန့် သိပြီအကိုရင် နည်းနည်းလေးမှယုံလို့မရဘူး "

" ဟတ်ချိုး....!! ငါ့ကိုဘယ်သူစောင်းပြောနေပါလဲ "

လှည့်အပြင်ကရင်အသံကြားတော့ ရှောင်းကျန့်ရိပေါ်ကိုကြည့်ပြီး ရယ်လိုက်တော့တယ်။

"ဟီး...အကိုရင်ကတော့ တကယ်ဘဲ့ "

လှည်းအပြင်က တပ်သားတစ်ယောက်က အရိုအသေပေးရင်းနဲ့

"ဧကရာဇ်...ယာယီအဆောင်တည်ဆောက်လို့ ပြီးပါပြီအရှင်"

ရိပေါ်လှည်းအတွင်းကနေ ရှောင်းကျန့်လက်ကိုဆွဲကာ ထွက်လာလိုက်တယ်။ သူခေါ်လာတဲ့တပ်သားက ၃၀ ယောက်ပဲဆိုပေမဲ့ သူတို့တွေကရိပေါ်ကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ အရိပ်ကိုယ်ရံတော်တွေပင်...

My Own Emperor Where stories live. Discover now