Chapter - 6

5.3K 498 12
                                    

|| Zawgyi ||

[ ချောမောတဲ့သူကိုလိုရင် ပိုင်နိုင်ငံကို
သွားရမလား ]

"ကိုကို ဘယ်တုန်းက ကျွန်တော်ကကိုကိုချစ်သူဖြစ်သွားတာလဲဟင် "

ရိပေါ် နက်နက်နဲနဲပြုံးလိုက်ပြီး ရှောင်းကျန့်ရဲ့ခါးသေးသေးလေးကိုဆွဲဖက်လိုက်ကာ နောက်ထပ်လက်တစ်ဖက်က ရှောင်းကျန့်ရဲ့မျက်နှာဖုံးလေးကို ဆွဲချွတ်လိုက်သည်။

" ကိုယ်ကလေးကိုစတွေ့ကတည်းက ချစ်နေတာကလေးလည်းချစ်နေတာဘဲ့မလားဟင်...."

ရှောင်းကျန့် ရိပေါ်ကိုမဲ့ရွဲ့ကြည့်ပြီး

"ဟွန်း....ပိုင်စိုးပိုင်နင်းနဲ့...ဘာလို့အဲ့လောက်တောင် ကိုယ့်ကိုကိုယ်ယုံကြည် နေတာလဲဧကရာဇ်ကြီးရဲ့..."

ရှောင်းကျန့်ရဲ့စနောက်စကားလေးက ရိပေါ်အတွက်တော့ချစ်ရည်ရွှန်းနေတဲ့ အသီးလတ်လတ်ဆက်ဆက် စားလိုက်ရသလို အားအင်တွေပြည့်သွားတော့တယ်။ ထို့နောက်အနီရောင်အရည်ရွမ်းနေတဲ့ နှုတ်ခမ်းသားလေးကို ညင်သာစွာစုပ်ယူနမ်းရိုက်လိုက်တယ်။ ရှောင်းကျန့် တွန်းလည်းမတွန်းထုတ်သလို ပြန်လည်းမတုန့် ပြန်ပေ ငြိမ်ငြိမ်လေးနဲ့အနမ်းတွေခံယူနေသည်။

"အွန်း..."

အသက်ရှူ ကျပ်နေပြီး လက်သေးသေးလေးနဲ့လာတွန်းနေမှ ရိပေါ်ခွာပေးလိုက်ပြီး ပါးစပ်အနားကစီးကျနေတဲ့ ငွေကျည်ရောင်အမျှင်တန်းလေးကို လျှာနဲ့လျက်ရင်း သန့်ရှင်းပေးလိုက်တယ်။

" ကိုယ်စားဖူးသမျှမှာ ဒီအသီးလေးကအချိုဆုံးဘဲ့ အရည်တွေထဲမှာလည်း သောက်လို့အကောင်းဆုံးဘဲ့ ပြောရင်းနဲ့တောင်ပြန်ငတ်လာပြီ "

ရိပေါ် ညစ်ကျယ်ကျယ်ပြုံးရင်းအနားပြန်ကပ်လာတာမို့ ရှောင်းကျန့် အဝေးကိုပြေးသွားလိုက်ရသည်။ တော်ကြာနမ်းရင်းနဲ့အသက်ရှူကျပ်ပြီး သေတဲ့မသာပေါ်နေအုံးမည်။

" တော်ပြီ က...ကလေး အသက်ရှူ ကျပ်တယ်"

"ဟုတ်ပါပြီ ကိုယ်တော်နဲ့အတူရေစိမ်ရအောင် နွမ်းနေတယ်မလား "

ရှောင်းကျန့် ခရီးပန်းလာပြီးနွမ်းနယ်နေတာ အမှန်ပင်။ ဒါမဲ့ကိုယ်တော် နဲ့အတူ ဆိုတာကြောင့် လန့်သွားသလိုလို

My Own Emperor Kde žijí příběhy. Začni objevovat