🌹1

7.1K 312 8
                                    

စောစောစီးစီး ခေါင်းရင်းအိမ်က ကိုကြီး ဂန်ဆူး(Kang Seul) ၏ သီချင်းသီဆိုသံက ပတ်ချယ်(Park Chae) ၏ နံနက်ခင်းကိုလာဖျက်စီးနေသည်။ မနေ့ညက ဖတ်ထားသော 'သင်နှင့်သင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်' စာအုပ်က ဘေးနားမှာ သူမအားပြောင်ပြလျက်။ လောလောဆယ် ချယ် ၏ နံနက်ခင်းကိုဝင်လာသူကား ကီးကြောင်နေသည့်အသံပိုင်ရှင်ပင်။

ချယ် ဆက်အိပ်၍ မရတော့။
နာရီကြည့်လိုက်တော့ 8နာရီထိုးရန်ငါးမိနစ်အလို။ ထို့ကြောင့်ကတိုက်ကရိုက် ဆံပင်စည်း မျက်နှာကိုရေနဲ့ သစ် ဘာမျက်နှာသစ်နဲ့မှလည်းပွတ်မနေတော့ပဲ နံနက်စာ ထမင်းဝိုင်းကိုပြေးရမည်။ ၁မိနစ်လောက်လေးနောက်ကျတာနဲ့ မွေးသမိခင်၏နှုတ်ဖျားမှ ဟာရီကိန်းမုန်တိုင်းက တိုက်ခတ်တော့မည်။

ဖေဖေက မမ အဲလစ် နှင့်စကားပြောနေသည်။ ဖေဖေနှင့်မမနှစ်ယောက်လုံးက ရှေ့နေတွေမို့ သူတို့ကိစ္စသူတို့ပြောနေကြသည်ထင်သည်။ သူမကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားပြီး အောင်စာရင်းကိုစောင့်နေရင်း အိမ်မှာအချိန်ဖြုန်းနေသော အငယ်ဆုံးသမီး အချောလေး မေမေက ပြောမနိုင်ဆိုမနိုင် (ပြောလို့ရသမျှတော့ကရားရေလွှတ်ပြောနေသေးသည်) လွှတ်ထားသော Park Chae ပင်ဖြစ်သည်။

"မိချယ် ညည်း မနေ့ညက လီဆာနဲ့ ဘာတွေလျှောက်လုပ်ထားတာလဲ''

မေမေ့စကားကြောင့် ချယ် တစ်ယောက်ခေါင်းကျိန်းသွားသည်။ သေချာတယ် မနေ့ညက သူတို့နှစ်ယောက်ကိုမြင်တဲ့သူရှိနေပြီး မေမေ့ကို လာတိုင်ပြောတာနေမယ်။ မျက်နှာချိုသွေးကာ

"အဟီး မေမေ ကလည်း ချယ်တို့ညက မုန့်ပဲစားနေကြတာလေ''

"ဟုတ်လား ဒါဆို ဓာတ်ပုံထဲက ငါ့သမီးမဟုတ်ဘူးထင်တယ်''

မေမေက ဖုန်းကိုယူလာရင်းပြတော့ ချယ်နှင့် လီဆာ နှစ်ယောက် ဆိုင်းဘုတ်တစ်ခုကိုဆေးမှုတ်နေသည့်မြင်ကွင်း၊

"အမယ် ပညာရှိကြီးပတ်ချယ် က ဦးစီးပြီး ဆောင်ပုဒ်ကိုတောင်ပြောင်းခဲ့သေးတယ် ဘာတဲ့

မထိရဓာတ်လိုက်တတ်သည်
တက်(touch)လိုက်ပါ ကောင်းကင်ဘုံသို့အခမဲ့ပို့ဆောင်ပေးသည်

SYMBOLWhere stories live. Discover now