🌹4

2K 236 10
                                    

Magical shop of happiness

တစ်ခါတုန်းကမြို့လေးတစ်မြို့မှာ ပျော်ရွှင်မှုတွေကိုဖန်တီးပေးတဲ့ Magic Shop လေးတစ်ခုရှိတယ်။
Magic shop ရဲ့ဆိုင်ပိုင်ရှင်ဟာ ကောင်လေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့ရုပ်ကို​တော့မမြင်ဖူးကြဘူး။ဘာလို့ဆိုကောင်လေးက အမြဲတမ်းမျက်နှာဖုံးစွပ်ထားတာကိုး။ ကောင်​လေးလို့ခန့်မှန်းလိုက်တာကလည်း အသံရယ် ပုံစံ အနေအထားကိုကြည့်ပြီးတော့ပြောကြတာပေါ့။
ဒါပေမဲ့ဆိုင်လေးနဲ့ပတ်သတ်ပြီးတော့မြို့မှာနှစ်ပိုင်းကွဲ ကြတယ်။ ပထမတစ်ဖွဲ့တော့ ဒီဆိုင်ဟာ အလကားအပိုသက်သက်ဖွင့်ထားကြောင်း ဘာပျော်ရွှင်မှုကိုမှမဖန်တီးပေးကြောင်းပေါ့။ ကျန်တဲ့တစ်ဖွဲ့ကတော့ ဒီဆိုင်လေးရဲ့လူငယ် လေးဟာ တော်တဲ့အကြောင်း တကယ့်ပျော်ရွှင်မှုအစစ်ဟာ ဘာလဲဆိုတာကိုခံစားမိကြောင်းပြောကြတာပေါ့။ တစ်နေ့တော့ မြို့ကို ကောင်မ​လေးတစ်ယောက်ရောက်လာတယ်။ မြို့ခံလူတွေရဲ့တဆင့်စကားတဆင့် Magic shop ကိုသိသွားတော့စိတ်ဝင်စားစွာနဲ့ ဆိုင်လေးဆီကိုဦးတည်လိုက်တယ်။ ကောင်မလေးက လည်း ဇဝေဇဝါနဲ့လေ ဘာလို့ဆို ဆိုင်လေးနဲ့ပတ်သတ်ပြီးမတူညီတဲ့အမြင်တွေရှိနေကြတာကိုး။ ကောင်မလေး ဆိုင်ထဲဝင်တော့ မျက်နှာဖုံးစွပ်ထားတဲ့ကောင်လေးကရောက်လာတယ်။

'ဘာအလိုရှိပါသလဲ နှစ်သက်ရာ menu ကို ရွေးချယ်လို့ရပါတယ်'

'ဒီဆိုင်က ပျော်ရွှင်မှုပဲရောင်းတဲ့ဆိုင်မဟုတ်ဘူးလား'

'လူတွေရဲ့လိုအပ်ချက်အများဆုံးဖြစ်တဲ့အရာမို့လို့ပါ'

ကောင်မလေးက Menu တွေကိုဖတ်ကြည့်လိုက်သည်။

-ပျော်ရွှင်မှု
-အချစ်
-မိသားစု
-ဥာဏ်ပညာကြီးမှု
-ချမ်းသာမှု
-သြဇာအာဏာကြီးမှု

'ကျွန်မကို အရှိကိုအရှိအတိုင်းလက်ခံနိုင်မှု တစ်ပွဲပေးပါ'

ကောင်မလေးမှာလိုက်တဲ့အရာက Menu ထဲမှာ မပါခဲ့။ သို့သော် ကောင်လေးက သူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်သည်။

နောက်ဆုံးတော့ ကောင်မလေး အဖြေကိုသိခဲ့ရပြီး ဆိုင်ထဲကနေ ပျော်ရွှင်စွာနဲ့ထွက်လာခဲ့လိုက်သည်။
Magic shop လေးဟာ ပျော်ရွှင်မှုကို ပေးနိုင်တယ်ဆိုတာ ယုံကြည်တဲ့အဖွဲ့ထဲပါသွားခဲ့သည်။

SYMBOLOnde histórias criam vida. Descubra agora