🍁14

1.6K 207 2
                                    

ဒီနေ့နံနက်ပိုင်းပဲ သူမ ဟန်ဘင်းနဲ့ကွာရှင်းခဲ့သည်။
အခုတော့ သူမတို့နှစ်ယောက်နေခဲ့တဲ့အိမ်မှာ သူမရဲ့ပစ္စည်းတွေကိုသိမ်းဆည်းနေသည်။ ငါးနှစ်တာဟာ အချိန်တန်တော့လည်းကုန်ဆုံးသွားခဲ့တာပဲ။ဟန်ဘင်းနဲ့သူမဟာ public မှာတော့ အရမ်းချစ်ကြတဲ့လင်မယားပေါ့ လက်တွေ့မှာတော့ သူနဲ့ကိုယ် ဆက်ဆံရေးက စီနီယာနဲ့ ဂျူနီယာ ဆက်ဆံရေးထက်မပို။ဟန်ဘင်းလည်းသားလိမ္မာဖြစ်ခဲ့သလို သူမလည်း မြေးအလိမ္မာဖြစ်ခဲ့ရသည်။ အခုဆို ဟန်ဘင်းလည်း သူချစ်ရတဲ့အမျိုးသမီးနဲ့လက်တွဲရတော့မှာဖြစ်သလို သူမလည်း ကိုယ့်ဘဝနဲ့ကိုယ်ပြန်ဖြစ်တော့မယ်။ အရာအားလုံးဟာ အဆင်ပြေနေပေမဲ့လည်း အင်း Ruby Jane လို့ လူအများသိခဲ့တဲ့ ဂျင်းနီ ဟာ ကွာရှင်းထားတဲ့အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတော့ရခဲ့တာပေါ့။ ဒီအဖြစ်အပျက်တွေကိုစတင်ခဲ့သူဟာ အဘိုးဆိုပေမဲ့ အဆုံးသတ်စေသူဟာလည်းအဘိုးပဲ ဖြစ်နေပြန်တယ် ဘာလို့ဆို လွန်ခဲ့တဲ့နှစ်လလောက်ကပဲ ဆုံးသွားခဲ့တာကိုး။ ဝမ်းနည်းတာတော့ဖြစ်မိပေမဲ့ ကိုယ့်ကို အသိုင်းအဝိုင်းနှစ်ခုကြားမှာ မြေစာပင်ဖြစ်စေခဲ့တာမို့ အရမ်းကြီးလည်းခံစားမနေရ။

အတွေးတွေဟာ အတိတ်ကာလဆီကို ပြန်လည်စီးဆင်းသွားသည်။

ချယ်နဲ့လမ်းမခွဲခင်တစ်ပတ်အလို။

ဂျင်းနီ မဟာဘွဲ့ကိုဆက်ဖြေ ဖို့စာဖတ်နေရသည်။
စာအုပ်ခပ်ထူထူဟာ လူသတ်ရင်တောင်သေနိုင်သည့်လက်နက်ဟု Baby က ပြောလေ့ရှိသည်။
စာအုပ်ဖတ်နေရင်း Baby အကြောင်းတွေးမိသွားတော့ လူက အလိုလိုပြုံးမိသွားသည်။

'သြော် ဂျင်းနီ စာတော့ရတော့မှာပဲ'

ဖုန်းမြည်သံကြားလိုက်တာမို့ Baby လို့တောင်ထင်မိသွားသည်။ သို့သော် Contactမှာပေါ်လာတာက အမည်မသိ no. တစ်ခု။

"Hello ယူဂျင်းနီပြောနေပါတယ်''

"မမလေး ကျနော် ဥက္ကဌ Kim ရဲ့အတွင်းရေးမှူး ဂျိုပါ''

အတွင်းရေးမှူးဂျို ဖုန်းဆက်ရင် အဘိုးက သူမကိုဆက်သွယ်တာနဲ့ အတူတူပဲ။ဘာကိစ္စများရှိနေတာလဲ။ သူမ Kim အိမ်တော်နှင့်ပြန်မပတ်သတ်ချင်တော့။ သူမနာမည်ကိုလည်းဖျက်ပြီးပြီကို။

SYMBOLDonde viven las historias. Descúbrelo ahora