🌹10

1.7K 218 2
                                    

"ချယ်လေး''

"Huh''
ချယ် မုန့်စားဖို့လုပ်နေတုန်း မမက ခေါ်လိုက်တာမို့ မုန့်ကိုချကာ ထူးလိုက်သည်။

"ဂျင်းနီအကြောင်းဘယ်လောက်သိလဲ''

"မျိုးရိုး က 'ယူ' အရပ်အမြင့်က 163cm ကိုယ်အလေးချိန်က အင်း 46kg လောက်ထင်တယ် အလုပ်အကိုင်က ဂျယ်ဆန်းဆေးရုံမှာ Pathologist သူ့အဖေက ပန်းချီဆရာ တစ်ယောက်ပဲ အမေအကြောင်းတော့သိပ်မပြောဘူး ဆုံးသွားတာတော့မဖြစ်နိုင်ဘူး ဒီတိုင်းဆက်ဆံရေးမပြေလည်တာဖြစ်မယ် ချယ်ကတော့ မမေးပါဘူး အင်း နောက်ပြီး ချယ့်ကို ချစ်တယ်လေ''

ညီမတော်ရဲ့ လုံးစေ့ပတ်စေ့ဖြေဆိုသွားမှု​ကြောင့် အဲလစ်တစ်ယောက် အမှတ်တစ်ရာ တောင်ပေးချင်သွားသည်။ Kim အိမ်တော်ကဆိုတာ သိသည့်ပုံမပေါ်။ နာမည်ကို ဖယ်ရှားလိုက်ပြီဆိုသော်ငြားလည်း မိသားစုအနေနဲ့က ရှိဦးမည်လေ။ ဂျင်းနီ ရဲ့အမှုကိုကိုင်တုန်းက ဟိုဖက်က ရှေ့နေက အဲလစ် ကို နောက်တစ်ခါမတွေ့တာကောင်းမယ်လ်ို့ချိန်းခြောက်သွားသည်။ အဲလစ်အနေနဲ့က ဒီလောက်က ဘာမှမဟုတ် ကြောက်စရာအကြောင်းလည်းမရှိ။ ခက်တာက ညီမဖြစ်သူအနေနဲ့ ဟိုဘက်ကလူနှင့်ရည်းစားပင်ဖြစ်နေသေးသည်။ လမ်းခွဲလိုက်တော့ လို့လည်း မပြောရက် ချယ် က ဂျင်းနီကိုတော်တော်စွဲလန်းနေပုံရသည်။

မမက ချယ်အဖြေပေးတာကို ဘာမှပြန်မတုံ့ပြန်သည်မို့

"မမ ဘာဖြစ်လို့လဲ''

"ချယ် ဖေဖေ မမ တို့ကိုပြောနေကျစကားတစ်ခွန်းကဘာလဲ''

"အကောင်းဆုံးကိုမျှော်လင့်ထားတယ် အဆိုးဆုံးဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်ဖို့အသင့်ရှိနေရမယ်''

"တော်တယ်''

"ဂျင်းနီအကြောင်းကနေ ဘယ်လိုလုပ် ဒီဘက်လှည့်သွားတာလဲ''

"မမျှော်လင့်ထားတဲ့အခြေအနေတွေ ဆိုတာ ဖြစ်တတ်တယ် ချယ် စားစား မမ ဒီနေ့ ကျောင်းလိုက်ပို့ပေးမယ်''

"ဟုတ်''

ဂျင်းနီ ဂျုံအင်းကိုခေါ်ကာ ကင်မရာတွေရောင်းတဲ့ဆိုင်ဖက်ရောက်နေသည်။ Journalist တစ်ယောက်အနေနဲ့ Camera ကောင်းတစ်လုံးကမရှိမဖြစ်လိုအပ်တဲ့အရာပဲလေ။ ကျောင်းမပြီးသေးတာကြောင့် တစ်ယောက်ချင်းစီ Information တွေ မလိုက်ရသေးပေမဲ့ နှစ်ယောက်တစ်တွဲ လက်တွေ့ဆင်းရသည်။ ဂျုံအင်း မှာ ရှိပေမဲ့ သူမ Baby က ကျောင်းပြီးမှဝယ်မယ် မုန့်ဖိုးစုနေတုန်း လို့ဂျုံအင်းကိုပြောပြ တဖန် ဂျုံအင်းကတဆင့် ဂျင်းနီဆီ ပြန်ဖောက်သည်ချတာမို့ Babyအတွက် ဂျင်းနီ ဝယ်ပေးဖို့ဆုံးဖြတ်ထားသည်။

SYMBOLTempat cerita menjadi hidup. Temukan sekarang