🍁15

1.7K 220 4
                                    

အယ်လာ မွေးနေ့မို့ အိမ်မှာမိသားစု စုံစုံညီညီ ညစာစားပွဲလုပ်ချင်တယ်လို့ မမအဲလစ်က ပြော၍ ရို့ဇန် မမအဲလစ်အိမ်ကိုရောက်နေသည်။ အယ်လာ ဆိုတာ မမအဲလစ်တို့ရဲ့သမီးလေးပင်။ သူမ ကလည်း အယ်လာလေးကိုအရမ်းချစ်သည်။ အလုပ်ခွင်ဝင်ပြီးကတည်းက သူမအနေနဲ့ မမတို့နဲ့အတူမနေပဲ မိမိဘာသာ တိုက်ခန်းတစ်ခန်းငှါးပြီးသီးသန့်နေခဲ့သည်။ ဖေဖေ မေမေတို့ကတော့ မမအဲလစ်နှင့်ပဲ နေခဲ့သည်။ ခဲအိုကလည်း မိဘတွေမရှိတော့တာကြောင့် ဖေဖေ တို့ကို သူ့မိဘ အရင်းလိုပဲဆက်ဆံသည်။ ဖေဖေ တို့ကလည်းအသက်ကြီးနေပြီမို့ မမတို့နှင့် အတူနေတာကို သူမ ကတော့ သဘောကျသည်။ အယ်လာ လေးကလည်း သူ့အဘိုးအဘွားကို တီတီတာတာ အချွဲ ပိုတာမို့ အဆင်ကိုပြေလို့။

"တီတီရို့စ်လာတယ်''

အယ်လာလေးက အော်ပြီး သူမကိုပြေးဖက်သည်။

"Oh အယ်လာလေးရေ သတိရနေတာ တီတီက''

"မီးမီးရောပဲ''

သူမ အယ်လာလေးကို ဝယ်လာတဲ့ လက်ဆောင်တွေပေးလိုက်တော့ အယ်လာ က လက်ဆောင်တွေယူပြီး သွားဆော့နေသည်။

"ချယ်လေး ရောက်ပြီလား''

"ဟုတ်မမ''

ထိုအချိန် မေမေက သူမအနားရောက်လာသည်။

"အစားအသောက်ရောမှန်ရဲ့လား ပိန်သွားတယ်''

"မှန်ပါတယ်မေမေရဲ့ မေမေရော နေကောင်းတယ်မလား''

"အေးကောင်းတယ် ညည်းအဖေ စာဖတ်ခန်းထဲမှာရှိတယ်''

"ဟုတ်''

သူမတံခါးခေါက်ပြီးအခန်းထဲကိုဝင်သွားတော့ ဖေဖေက စာအုပ် တစ်အုပ်ဖတ်နေသည်။

"ဖေဖေသမီးလာတယ်''

"ချယ်လေး ထိုင်လေ''

"ဟုတ်''

"ဖေဖေHWT ရဲ့ နေ့စဉ်သတင်းစာတွေကိုဖတ်ဖြစ်တယ် သမီးရဲ့လုပ်ဆောင်နိုင်စွမ်းတွေကိုလည်းဖေဖေချီးကျူးတယ် ဒါပေမဲ့ ဟိုတစ်ရက်က ခေါင်းစီးပိုင်းသတင်းနဲ့ပတ်သတ်ပြီးတော့ သမီးမှာ အန္တရာယ်တွေဝိုင်းလာနိုင်တယ် သမီးက တကယ့်လူကိုမှသွားထိနေတယ်''

SYMBOLTempat cerita menjadi hidup. Temukan sekarang