🌹7

1.7K 241 3
                                    

ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သည်မို့ ချယ်တစ်ယောက်အိမ်မှာပဲရှိနေသည်။ လီဆာတို့နှင့်အစက လျှောက်လည်ဖို့ ချိန်းထားသော်လည်း လီဆာက သူမလိုကျောင်းတက်နေသူမဟုတ်တော့ သူ့Ent မှာ ပိတ်ရက်က ချယ်တို့နှင့်မတူ။ ကိုကြီးဂန်ဆူးကလည်း အိုင်ရင်းနှင့်ချစ်သူတွေဖြစ်သွားသည်။ အိုင်ရင်း က အစတုန်းကတော့ ခါးခါးသီးသီးငြင်းပြီး ဘယ်လိုကြိုက်သွားလဲ ချယ်နားမလည်။ ခုတော့ သူ့ရည်းစားနားပဲကပ်နေ၍ ချယ်တို့နဲ့တောင်မတွေ့ဖြစ်။

ဖေဖေတို့ရဲ့ဆွေမျိုးတွေထဲက တစ်ယောက်က ကျန်းမာရေးတော်တော်ဆိုးနေ၍ ဖေဖေတ်ို့ လူနာသတင်းမေးရင်းအဲ့မှာပဲ တစ်ပတ်လောက်ကြာမည်မို့ ချယ်နှင့်မမသာ အိမ်မှာကျန်ခဲ့သည်။ ဒါပေမဲ့အခုတော့ ချယ်တစ်ယောက်တည်း အထီးကျန်စွာ သစ်ကိုင်းပေါ်က ငှက်နှစ်ကောင် ချစ်ကြည်နူး တစ်တီတူး နေတဲ့မြင်ကွင်းကို ရှုစားနေရသည်။ မမကလည်း Dating လို့ပြောပြီးအပြင်ထွက်သွားတာပြန်မလာသေး။

ချယ် အရမ်းပျင်းလာသည်မို့ Laptop ယူကာ သူမရေးနေကျ website မှာ စာတစ်ပုဒ်တင်လိုက်သည်။

The subtle art of boring(ပျင်းရိခြင်းအနုပညာ)

24 ရဲ့ တဝက်ကို သူ ဝါးမြိုနေပြီ
မကြာခင် နေလုံးက ငါ့ခေါင်းတည့်တည့်ရောက်တော့မယ်။
အတိသယဝုတ္တိအလင်္ကာနည်းနည်းရောက်သွားတယ် တကယ်တော့ငါက အရိပ်ထဲမှာထိုင်နေတာပဲ
ကျီးကန်းတစ်ကောင်က 'အ အ' ဆိုပြီး နောက်ကျီးကန်းတစ်ကောင်ကိုအချက်ပေးနေတယ်။
ဒါကရော ချစ်ရေးဆိုခြင်းတမျိုးပဲလား
ဖြစ်နိုင်တယ် မြင်ကွင်းရှေ့မှာပဲ နှစ်ကောင်လုံးက တူတူ ပျံသန်းသွားကြတယ်။
ဆက်ရက် နှစ်ကောင်ကို တစ်ယောက်တည်းမြင်ရင်ကံကောင်းတယ်တဲ့။
အိမ်ရှေ့က မီးကြိုးပေါ်မှာ နားနေတဲ့နှစ်ကောင်က ဘာလို့ဓာတ်မလိုက်လဲမစဉ်းစားတတ်ဘူး
သစ်ကိုင်းပေါ်က ငှက်ကတော့ စာကလေး အတွဲပဲ
တွေ့သမျှက ငါ့ကိုလှောင်ပြောင်နေသလိုပဲ
FA ကြီးက အားကျနေပြီဆိုပြီးများတွေးနေကြမလား
တကယ်တော့ FA ဆိုတာ Forever alone မဟုတ်ပဲ Forever alive with Food ဆိုတာကို ကြုံတုန်း ထည့်သွင်းလိုက်ပါတယ်
ဗိုက်ထဲမှာတော့ ချေဖျက်စရာ အစားမရှိတော့တဲ့အတွက် Acid တွေက သောင်းကျန်းနေပြီ ညာသံပေးပြီ ဗုံးကြဲနေကြပြန်ရော ''ဂွီ'' တဲ့ မြည်သံစွဲ အလင်္ကာလေးနဲ့ပေါ့
ကောင်းကင်ကိုကြည့်လိုက်တော့ တိမ်တွေဟာရွေ့လျားနေတယ် စွန်းဝူခုန်းလို တိမ်စီးချင်လိုက်တာ
ဒါပေမဲ့လောလောဆယ်တော့ ဒန်းပဲစီးနေရတယ်
ဒန်းရဲ့အသံကလည်း သာယာနာပျော်ဖွယ်ကောင်းလေစွ တစ်ခါလှုပ်လိုက်တိုင်းတကျွီကျွီမြည်လို့
သြော် ပျင်းရိပါဘိ ပျင်းရိပါဘိ

SYMBOLWhere stories live. Discover now