Anniversary

29 5 0
                                    

ဒီနေ့ မမနဲ့လက်ထပ်ပြီးတာ
၂နှစ်ပြည့်တဲ့နေ့
သူမကိုပျော်သွားအောင်လို့အလုပ်ကနေနေ့တစ်၀က်ခွင့်ယူပြီးအိမ်ကိုစောစောပြန်လာခဲ့တယ်

အိမ်ရှေ့ရောက်တော့ဖိနပ်ချွတ်တဲ့နေရာလေးမှာမမရဲ့ဖိနပ်နဲ့တခြားယောကျာ်းလေးစီးတဲ့ဖိနပ်တစ်ခု
စိတ်နည်းနည်းပူသွားပေမဲ့ ဧည့်သည်လာတာနေမှာဘဲဆိုပြီး အိမ်ထဲ၀င်သွားတော့

လူမရှိဘဲရှင်းလင်းနေတဲ့ဧည့်ခန်းမကြီးက‌ေြခာက်ကပ်စွာ......
တစ်ချက်တစ်ချက်အော်သံသဲ့သဲ့တွေကြားရတာကြောင့် အသံကြားရတဲ့အပေါ်ထပ်ကိုတစ်ထစ်ချင်းတက်သွားလိုက်တယ်

မမနဲ့ငယ်ရဲ့အိပ်ခန်းရှေ့ရောက်တော့

"မောင် အာ့ အဲ့နားလေး အာ့ဟာ့"

"မမကကောင်းလိုက်တာ ကျပ်နေတာဘဲ"

ကြားရတဲ့အသံတွေကြောင့်လက်ထဲကိုင်ထားတဲ့
ကိတ်မုန့်လေးကိုဖြည်းဖြည်းချင်းတံခါးဘေးမှာချလိုက်တယ်.....

မမနဲ့ငယ်တို့အိမ်လေးကလူတွေနဲ့ဝေးတဲ့နေရာမှာဆိုတော့ အသံ‌ကိစ္စကစိတ်ပူစရာမလိုဘူးဘဲ
အောက်ထပ်ကိုမြန်မြန်ဆင်းလိုက်တာလှေကားနှစ်ထစ်ကျော်တောင်ပြုတ်ကျသွားသေးတယ်
တော်သေးတယ်အသံမထွက်လို့

မီးဖိုချောင်ထဲအံဆွဲအောက်ဆုံးထပ်မှာမမ မသိအောင်ဟိုနေ့က၀ယ်ထားတဲ့သေနတ်ရှိတယ်
‌အိမ်ကတောစပ်မှာဆိုတော့ကျားလာရင်ကာကွယ်လို့ရအောင်လို့ အခုတော့လူကိုအရင်စမ်းပစ်ကြည့်တာပေါ့လေ

မမကိုလက်ထပ်တုန်းကငယ်ကတိတစ်ခုဘဲတောင်းခဲ့တယ်မဖောက်ပြန်ပါဖူးဆိုတဲ့ကတိ မမကိုယ်တိုင်အဲ့ကတိကိုဖောက်ခဲ့တာဘဲ

အဲ့နေ့ညနေကတော့ ပွဲနှစ်ပွဲတိုက်ဆိုင်တဲ့နေ့လေးဖြစ်သွားခဲ့တယ်

မမရဲ့ငယ်တို့ရဲ့ 2 years anniversary dayနဲ့
မမသေတဲ့နေ့......

#𝔳𝔞𝔱𝔞𝔢

ℂ𝕠𝕟𝕤𝕠𝕝𝕚𝕕𝕒𝕥𝕚𝕠𝕟Where stories live. Discover now