"ဆုရေငါခရီးသွားတာမွေးနေ့မလာနိုင်လို့လက်ဆောင်ဘဲပေးလိုက်တယ်နော် ပျော်ရွှင်စရာမွေးနေ့ပွဲပါ"
သူငယ်ချင်း သီရိပေးတဲ့မွေးနေ့ကဒ်လေးတစ်ခု
သူပေးတဲ့အရုပ်လေးကိုလဲသဘောကျတယ်
မျက်ဆံအပြာရောင် ဆံပင်အမဲရောင်လေးနဲ့
ဘိုမရုပ်လေး ကလေးမွေးကာစအရွယ်လောက်ဆိုဒ်ကြောင့် သိပ်လဲမကြီးသလိုသိပ်လဲမသေး
အရမ်းကြိုက်လို့တောင်မှ သီရိခရီးကိုဖုန်းဆက်ေြပာလိုက်သေးတယ်ဒါမဲ့ပြဿနာက ဖုန်းဆက်တဲ့နောက်တစ်နေ့ကျသီရိတို့မိသားစုကားမှောက်တယ်တဲ့ ကျန်တဲ့မိသားစုတွေဘာမှမဖြစ်ပေမဲ့သီရိတစ်ယောက်ဘဲဦးခေါင်းကြေမွဒဏ်ရာနဲ့ပွဲချင်းပြီးဆုံးသွားတယ်
သိသိချင်းတုန်းကဆို ဆုငိုတာဆိုတာလေ ထမင်းတောင်မစားနိုင်ဘူး မေမေတို့နှစ်သိမ့်တာတောင်ငိုတာမရပ်ဘူး သီရိက ဆုအချစ်ဆုံးသူငယ်ချင်း
သူငယ်ချင်းထက်တောင်ပိုရင်ပိုအုံးမယ်
ဆုနေမကောင်းတိုင်းအနားမှာရှိပေးတဲ့သူ
ဆုကို သူ့မိဘတွေပြီးရင်အချစ်ဆုံးလို့ေြပာတဲ့သူ
ဒီလိုလူမျိုးက ဘ၀ကိုအစောကြီးအဆုံးသတ်သွားရလားသီရိပေးတဲ့အရုပ်ကိုပိုက်တာ ပိုလို့တောင်ငိုမိတယ်
ဆုသတိမထားမိလိုက်တာက ဘိုမရုပ်လေးရဲ့မျက်လုံးလဲမျက်ရည်ဝေ့နေခဲ့တယ်ဆိုတာ
သီရိကသတင်းကျွတ်ကျောင်းပိတ်ရက်မှာခရီးသွားရင်းဆုံးတာဆိုတော့ ကျောင်းမှာလဲအမျှဝေတာတွေဘာတွေမလုပ်ပေးခဲ့ဘူး သီရိအိမ်မှာဘဲ ဘုန်းကြီးပင့်ပြီးအမျှဝေပေးခဲ့ရတယ်ကျောင်းပြန်ဖွင့်တော့လွတ်နေတဲ့ဆုဘေးကသီရိခုံလေးကသိမ်ငယ်စရာကောင်းနေသလို
သီရိပေးတဲ့အရုပ်လေးကသူမရဲ့နောက်ဆုံးလက်ဆောင်လေး အဲ့လက်ဆောင်လေးကိုသွားလေရာအမြဲယူသွားတယ် အခုလဲပါလာတယ်လွယ်အိတ်ထဲမှာ နေရာမရှိမှာမပူရဘူး ဘာလို့ဆိုတော့ဆုရဲ့လွယ်အိတ်ကကြီးတယ်လေဆရာမကလဲ၀င်သာ၀င်ရတယ်သီရိခံုေလးကိုကြည့်ရင်းမျက်နာမကောင်းဘူး
ဘယ်ကောင်းပါ့မလဲ သီရိကစာတော်တယ်
လူချစ်လူခင်လဲပေါတယ် ဆရာမတွေကိုလဲလေးစားတယ် ဆရာမလဲသူမလိုကလေးအသေစောတာကိုနှမျှောလောက်မှာပေါ့