Maple 🍁

12 5 0
                                    

"ဟယ် ကလေး‌ေလးထွားလာတာဘဲ အခုမှ ၁၀ နှစ် ဘဲရှိသေးတာမလား ထွားလိုက်တာ
အန့်တီဆီလာပါအုံးကလေး"

ပေါင်ကိုပုတ်ပြကာထိုင်ဖ်ို့ခေါ်နေသောအန်တီကြောင့်ပေါင်ပေါ်သာထိုင်လိုက်ရသည်
မျက်စိကတော့အန်တီ့ဘေးနားက၆နှစ်အရွယ်ကောင်မလေးဆီမှာဆီ မျက်လုံးညိုညို မျက်ခုံးလှလှ ဆံပင်ခါးလောက်အရှည်ကို တစ်၀က်စီးထားပုံက သိပ်ချစ်စရာကောင်းသည့်ကလေးမလေးပင်
ဘေးကိုဘဲမျက်လုံးရောက်နေတော့အန်တီကရိပ်မိတယ်ထင်ပါရဲ့

"သမီးကညီမလေးကိုစိတ်၀င်စားလို့လား
နန်းရေ မမကို နှုတ်ဆက်လိုက်ပါအုံး"

အန်တီ‌ေြပာမှထိုကလေးမလေးက
သွားကျိုးလေးတွေဖြင့်

"သမီးနာမည်က နန်းစု မမ"

"မမနဲ့ကစားမလား အပေါ်မှာ"

"မေမေ့"
ကစားချင်လို့ဆိုပြီးသူ့အမေအကျီင်္ စလေးဆွဲကာခွင့်တောင်းနေပုံကအသဲယားစရာကောင်းပါသည်

"အင်း သွားကစားလေသမီး မေမေလဲလူကြီးတွေနဲ့စကား‌ေြပာမလို့"

နန်းရဲ့လက်ကိုဆွဲပြီးအိမ်ပေါ်ထပ်ကအိပ်ခန်းထဲတက်လိုက်သည်
ကိုယ့်ကစားစရာတွေကိုကြည့်ကာ ဆော့လို့ရမလားဆိုပြီးခွင့်တောင်းတာကြောင့် ယူပေးလိုက်ရသည်
မဟုတ်ရင် မယူပေးသရွေ့ဆော့မယ့်ပုံမရှိ

ပါးနှစ်ဖက်ကရဲနေကာ အရုပ်ကိုကြည့်ပြီး နှုတ်ခမ်းထော်နေတာမလို့ အူယားလာပြီးပါးလေးကိုနမ်းလိုက်တော့ အူကြောင်ကြောင်ဖြင့်ကြည့်လာပါသော ကလေးမ

တစ်ချက်ဘဲကြည့်ပြီး ကိုယ့်ပါးကိုပြန်နမ်းလိုက်တာမို့ ကိုယ်တောင်လန့်သွားရသည်

"သမီးကိုနမ်းလို့ပြန်နမ်းတာ"

နန်းကသာကလေးအတွေးဖြင့်ပြန်နမ်းလိုက်ပါသော်လဲ ကိုယ့်ရင်ဘတ်ထဲမှာတော့ တောင်ပြုံးပွဲကျင်းပနေသလိုပင်......ဆော့ရတာကြာလို့ပျင်းလာပြီးသမ်းလာသောကလေးမလေးအား ပွေ့ချီကာအောက်ဟို့ဆင်းလိုက်သည်

"နန်းလေးကိုချီလာတာလား ဟယ် အိပ်ပျော်သွားပြီ
ဘယ်လိုသိပ်လိုက်တာတုံးကလေးလေး"

ℂ𝕠𝕟𝕤𝕠𝕝𝕚𝕕𝕒𝕥𝕚𝕠𝕟Where stories live. Discover now