ဒီနေ့ ကိုယ့်ရဲ့အစ်မကအိမ်လာလည်တယ် ပုံမှန်ဆိုတစ်ယောက်ထဲလာလည်တဲ့အစ်မကအခုတော့ဘေးမှာကောင်မလေးတစ်ယောက်နဲ့ ဖြူဖြူသေးသေးလေး ချစ်စရာကောင်းတာမလို့ အစ်မကိုတောင်ဂရုမစိုက်ဘဲ နာမည်မေးကြည့်ခဲ့တယ်
နာမည်လေးကတစ်လုံးထဲ ခင်တဲ့ကိုယ့်ထက်တစ်နှစ်ဘဲကြီးတာမလို့ ခင် လို့ဘဲမြတ်မြတ်နိုးနိုးခေါ်ခဲ့တယ်
အစ်မကလဲကိုယ့်စိတ်ကိုသိတယ်ထင်ပါရဲ့အိမ်လာလည်တိုင်းခင့်ကိုခေါ်လာတယ်
အရင်ကထက်ခင်နဲ့ပိုရင်းနှီးလာတယ်
အရင်ကဆိုပါးကိုနမ်းရင်ရှောင်ပြီးရိုက်လွှတ်တဲ့ခင်က အခုနမ်းရင်ငြိမ်ခံနေတဲ့အထိခင့်ကိုစတွေ့တုန်းကရင်ခုန်ခဲ့တာကို ညီအမသံယောစဉ်လို့ဘဲခေါင်းဆင်တပ်ခဲ့ပေမဲ့ ကြာလာတဲ့အခါ
ကိုယ့်ဘက်ကညီအမထက်ပိုနေတဲ့ကိုယ့်ရင်ခုန်သံတွေကြောင့် ဖွင့်ေြပာမယ်လို့ဆုံးဖြတ်ခဲ့တယ်ဖွင့်ေြပာမယ့်နေ့မှာဘဲ ခါတိုင်းဆိုအစ်မလာမှလိုက်လာတဲ့ ခင်ကဒီနေ့ကိုတစ်ယောက်ထဲလာလည်တော့
ဖွင့်ေြပာဖို့ကပိုသေချာသလောက်ရှိနေပြီ"ငယ်"
"ခင်"
နှစ်ယောက်စလုံးပြိုင်တူခေါ်မိတာကြောင့်
"ခင်အရင်ေြပာပါ ငယ်နောက်မှေြပာမယ်"
အဲ့တုန်းကခင့်ကိုဦးစားပေးခဲ့တာနောင်တရမှန်းခင့်စကားဆုံးမှသိလာတယ်
"မမ ကိုလေရည်းစားစကားေြပာတယ်"
"ဘာ ဘယ်..ဘယ်သူကလဲ"
"ငယ်ကလဲလန့်လိုက်တာ ငယ့်ကိုေြပာပြမယ်
ဒီနားတိုး အဲ့တာငယ့် အစ်မ"ငယ့်အစ်မဆိုတာကြီးကကိုယ့်ရင်ထဲကိုဓားနဲ့မွှန်းလိုက်သလိုဘဲ ငိုလို့လဲမရတင်းတင်းကြပ်ကြပ်ခံစားချက်ကြီးနဲ့
"ခင်ရော ခင်ကရော လက်ခံလားဟင်"
"အင်း မမဒီနေ့ အေြဖပြန်ပေးမလို့ ယောက်မလေး
နောက်နေ့ကစပြီးငယ့်ကိုယောက်မလေးလို့ခေါ်မယ်နော်"ပြုံးပြီးေြပာနေတဲ့ ခင့် ကြောင့်ကိုယ့်မှာတစ်ယောက်ဘဲရှိတဲ့အစ်မကိုအားကျတဲ့စိတ်တွေဖြစ်လာတယ်
အစ်မနေရာမှာငါသာဆိုဘယ်လောက်ကောင်းလိုက်မလဲ အင်း...."ခင်ကြိုက်သလိုခေါ်ပါ ခနလေး နောက်ကရေနွေးအိုးတည်ထားလို့"
"အင်း ငယ် တစ်ခြားဘာမှမလုပ်ခဲ့နဲ့နော် မမပြန်တော့မှာ ငယ့်အစ်မနဲ့ချိန်းထားလို့"
"ဟုတ်ပြီ ခင်"
မီးဖိုချောင်ကိုသွားပြီးရေေနွးအိုးကိုကြည့်တော့ဆူဖို့လိုသေးတဲ့ရေနွေးကြောင့်ခနစောင့်နေတုန်း ပန်းကန်စင်မှာထားထားတဲ့ ကြက်သွန်လှီးတဲ့ဓားကိုကြည့်မိသွားတယ်
အခု နောက်မကျသေးဘူးမလား...ခင့်ကိုပိုင်ဆိုင်ဖို့ညရောက်တော့ အိမ်ကိုအစ်မရောက်လာတယ်
မျက်နာမှာလဲစိုးရိမ်မှုတွေအပြည့်နဲ့ စကားလုံးတွေတောင်ဗလုံးပထွေးဖြစ်လို့"ညီမလေး ခင်ကိုတွေ့မိသေးလား ခင် ညီမလေးအိမ်ကို...အိမ်ကိုလာသေးလားဟင်"
ဖတ်လက်စစာအုပ်ကိုချပြီးတော့
"မလာဘူး အစ်မ ဘာလို့လဲဟင် ခင်ဘာဖြစ်လို့လဲ"
"ခင် ပျောက်နေတယ် ညနေကတင် အစ်မနဲ့ချိန်းထားတာကို လာခဲ့မယ်လို့ဖုန်းဆက်သေးတယ်
အခုညဘက်ထိရောက်မလာဘူး သူ့အိမ်ကိုလဲပြန်မလာဘူးတဲ့ ခင့်ကိုရှာပေးပါအုံး
ညီမလေးရယ်""အင်း ညီမ ဒီနားတစ်ဝှိုက်ကိုရှာပေးပါမယ်
အစ်မလဲအိမ်ပြန်နားပါအုံး ""အင်း အဲ့တာဆို အစ်မအိမ်ပြန်အုံးမယ်နော်"
အစ်မပြန်သွားတာနဲ့ အိပ်ခန်းထဲကို၀င်သွားလိုက်တယ် အစ်မလိုက်ရှာနေတဲ့ခင်ကအိပ်ခန်းထဲမှာဆိုတာတော့မေြပာမိလိုက်ဖူး အိပ်ပျော်သယောင်ရှိနေတဲ့ခင့်နဖူးကိုဖွဖွလေးနမ်းလိုက်တယ် နှုတ်ခမ်းကိုလာထိတဲ့ငံကျိကျိသွေးကြောင့် ပြုံးမိလိုက်ပြီး...
"ခင့်ကို ငယ်ထာ၀ရပိုင်ဆိုင်ရပြီနော်
တတိယလူမဖြစ်ချင်တဲ့ငယ့်စိတ်ကို ခင်နားလည်ဖို့မျှောင်လင့်ပါတယ် ခင်"လေပြည်တစ်ချက်အဝေ့နဲ့အတူ အိပ်ခန်းငယ်လေးထဲသွေးညှီနံ့တွေပါသင်းလို့....
#𝔳𝔞𝔱𝔞𝔢