Uincode
အလာတုန်းကတော့ဦးရီတော်ဆိုသူကို သံတယများစွာနဲ့ခရီးနှင်းခဲ့ရသည်။ ကြိုဆိုပြီချွန်အန်းကနေပြန်လာတော့ ကိုယ်ရဲ့အနောက်ကဝေါ်ယာဥ်ပေါ်ကအဖြူရောင်ပုဝါနောက်မှာပုန်းကွယ်နေတဲ့မျက်နှာကိုမြင်ချင်လွန်းလို့အပူဇောကပ်ရပြန်သည်။
" ဟူးးးးးးး "
" အရှင့်သားတစ်ခုခုများအလိုရှိလို့ပါလား "
" ......."
အသလွတ်ကြီးသက်ပျင်းချနေတဲ့အရှင့်သားနားကိုသွား၍မေးလိုက်ပင်မဲ့ ပြန်ရလိုက်တာကဓားအသွားထပ် ထက်လွန်းတဲ့အကြည့်စူးစူးတွေဖြစ်သည်။
နေ့စောင်းလို့အချိန်လင့်တော့နန်းတော်ထဲကိုရောက်ရှိခဲ့တော့သည်။ ဒီအချိန်ကြီးကျမှ ခမည်းတော်ကိုရော အခြားသောတော်ဝင်မိသားစုကိုနှုတ်ဆက်လို့မရတော့ပေ ဒါပင်မဲ့သူသေချာပေါက်အိမ်ရှေ့စံဖြစ်တဲ့ကိုယ်တော်ကိုတော့လာရောက်နှုတ်ဆက်ရအုန်းမယ်မဟုတ်လား အနက်ရောင်မှောင်မိုက်နေတဲ့လုပ်ပြုံးကြီးကိုပြုံး၍ အဆောင်တော်ထဲတွင် ဦးရီတော်ဆိုသူအလာကိုစောင့်နေလိုက်သည်။
" အရှင့်သား အိပ်ဆောင်ဝင်တော့မလား "
" စောသေးတယ် "
အမှန်ကစောသေးတယ်ဆိုတာထက်သူမလာသေးဘူးမဟုတ်လား ဘာလို့လဲ ဒီဂျိုဆွန်းရဲ့အိမ်ရှေ့စံကိုတောင်လာနှုတ်မဆက်တာဘာလို့လဲ သူကကိုယ်တော်ကိုပုန်ကုန်ချင်တဲ့သဘောထားလား
အစောကအကောင်းကြီးကနေရုပ်တစ်ရပ်ထ၍ဖောက်ကာ အခန်းတစ်ဦးလုံးမီးလောင်တော့မယ်အလားအရှင့်သားရဲ့ဒေါသအပူမီးတွေကသိသာလွန်းနေသည်။ မဟုတ်မှငါအပြစ်တစ်ခုခုများလုပ်ထားမိသေးလား
" အထိန်းတော်ချွဲ ၊ ဘာလို့ဦးရီတော်ကရောက်မလာတာလဲ "
အပြစ်များလုပ်ထားသေးလားလို့စဥ်စားနေတဲ့အတွေးတွေလွင့်စင်သွားအောင် အရှင့်သားကအော်လိုက်သည်။ ပြီးတော့မေးလိုက်တာကလည်း ဘာမှမဆိုင်တဲ့အမေးဖြစ်သည်။
" ဦးရီတော်က ဒီအချိန်အနားယူလောက်ပါပြီအရှင့်သား ၊ ပြီးတော့နေ့လည်ကအရှင့်သားကိုလာရောက်နှုတ်ဆက်ပြီးသွားပြီမဟုတ်လား "
YOU ARE READING
Unable to find an answer(အဖြေရှာ၍မရသော)
Historical FictionSide story(အရှင့်ရဲ့နွန်းဆိုးဟွာ) boy love fic Fic name = Unable to find an answer (အဖြေရှာ၍မရသော) Author by Yawnathan own creation The cover image does not belong to me.