part 8

2K 223 54
                                    

Uincode

အချိန်တွေတစ်ဖြည်းဖြည်းကုန်လာတာနဲ့အမျှ အချို့သောတော်ဝင်မိသားစုတွေကအနားယူဖို့ပြန်ကုန်ကျပြီဖြစ်သည်။ အခုဆိုရင် မင်းကြီ၊ တပ်မှုးပိုင်ရယ်၊ ဟိုအမူးသမားလေးကယ်သာကျန်ရှိနေတော့သည်။

" နောက်တစ်ခွက်သောက်ကျတာပေါ့ "

မင်းကြီးရဲ့စကားသံအဆုံးမှာတော့လေးယောက်လုံးကိုင်ထားတဲ့သေရည်ခွက်တွေမြောက်၍ထပ်သောက်ကျပြန်သည်။ ချွင်အာနဲ့မင်းကြီးကတော့အတော်ကြီးကိုမူးနေပြီ တပ်မှုးပိုင်ကတော့မူမှန်တဲ့အနေထားမှာရှိသေးသည်။ ဟိုဟာလေးကသေရည်လည်းသောက်နိုင်တာလဲမဟုတ်ပဲ တိုက်သမျှမငြင်းပဲသောက်နေတာကလည်းတကယ်ရူးနေတာဖြစ်မယ် အမှန်ဆိုသူငြင်းလို့ရတာပဲကို အခုတောင်ထပ်သောက်ဖို့လုပ်နေတာပြန်သည်။ လူကြည့်တော့မျက်နှာတွေကနီရဲနေပြီမျက်ရည်ကြည်တွေဝိုင်း၍မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်တော့ပေ။

" အ.....  "

" ဦးရီတော်အဆင်ပြေရဲ့လား "

" အင်းး အင်းးး "

ဘေးတစ်ဖက်ကိုယိုင်ကျ၍တပ်မှုးပိုင်ကဖမ်းထားပေးတဲ့အနေထားမှာအခုထိရင်ခွင်ထဲကမထွက်သေးတဲ့ချွင်အာကိုဆက်ကြည့်မနေနိုင်တော့ပဲ ပလ္လင်ကအမြန်ဆင်း၍ထိုရင်ခွင်ထဲကနေဆွဲထုတ်လိုက်တော့သည်။

" အရှင့်သား......... "

အံသြစွာကြည့်နေတဲ့တပ်မှုးပိုင်ကိုလည်းဂရုမစိုက်စွာချွင်အာကိုပုခုံးပေါ်ထမ်း၍အပြင်ကိုခေါ်ထုတ်သွားလိုက်တော့သည်။

" အ လွတ်စမ်းငါကို "

ရုန်းကန်နေတဲ့ကိုယ်လေး​ကိုသေချာထိန်း၍ငြိမ်သွားအောင်တင်ပါးကိုနှစ်ချက်လောက်ခပ်စပ်စပ်လေးရိုက်လိုက်သည်။ ပါးစပ်ကလည်းပြောရင်း...........

" မင်းငြိမ်ငြိမ်မနေရင်ငါလွတ်ချလိုက်မှာနော် ချွင်အာ"

" အွင်းးး ဆွိုင်းးး "

" တောက်! "

အစကတော့ဒီအတိုင်းအဆောင်ကိုပြန်ပို့ပေးမလို့ပဲဒါပင်မဲ့အခုတော့မရတော့ဘူး ငါရဲ့သည်းခံနိုင်စွမ်းကိုမင်းအစွမ်းကုန်အောင်လုပ်လိုက်တာပဲ။ မင်းပြန်ပေးဆပ်ရမယ်ချွင်အာ၊ မင်းကြောင့်ပူလောင်နေရတဲ့ငါစိတ်တွေအတွက်မင်းပြန်ပေးဆပ်ရမယ်

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 31, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Unable to find an answer(အဖြေရှာ၍မရသော)Tempat cerita menjadi hidup. Temukan sekarang