part 3

1.4K 170 21
                                    

Uincode

မြားပစ်ကွင်းထဲသို့ရောက်လာပင်မဲ့လည်းစိတ်အခြေအနေကအတော်ကြီးဆိုးဝါးနေတာမို့ ပစ်မှတ်နဲ့လွဲကာတစ်လွဲတွေဖြစ်နေတာမို့ပို၍စိတ်တိုလာရတော့သည်။

" တောက်! အထိန်းတော်ချွဲ "

" ကျွန်တော်မျိုးရှိပါတယ်မင်းသား "

အနားမှာအမြဲအသင့်ရှိနေတဲ့အထိန်းတော်ချွဲကိုလှည့်ကြည့်၍

" အခုချက်ချင်းကိုယ်တော်နဲ့လေ့ကျင်းဖို့ ရဲမက်ဆယ်ယောက်ခေါ်လာခဲ့ "

အမြဲဒေါသကိုအသာနာမှပြန်ပြေတက်တဲ့အရှင့်သားရဲ့အကျင့်တွေကအရင်အတိုင်းပင် ဒါပင်မဲ့လည်းထိုလူတွေကမင်းသားကိုဒဏ်ရာရအောင်မလုပ်နိုင်ပေ ဟူးးးးသံသရာကရှည်အုန်းမှာကို

" ဘာလိုရဲမက်တွေလိုမှာလည်း ကျွန်တော်မျိုးနဲ့လက်ရည်ခြင်းစမ်းကျတာပေါ့ "

အသံလာရာစီကိုကြည့်လိုက်တော့တပ်မှုးပိုင်ဖြစ်နေတာမို့ သက်ပြင်းသာချမိတော့သည်။ အမှန်ဆိုတပ်မူးပိုင်ကလည်းကိုယ်လုပ်တော်တစ်ယောက်ရဲ့သားဆိုပင်မဲ့မင်းသားပဲမဟုတ်လား ဒီနှစ်ယောက်ထဲကတစ်ယောက်မှဒဏ်ရာမရရင်ကောင်းမယ်

" စမ်းကျတာပေါ့ ရာထူးတွေမေ့ထား စိတ်ထဲရှိတဲ့အတိုင်းသာဆက်သွားကျမယ် "

ခေါင်းဆောင်းအပေါ်ဝတ်ရုံကိုချွတ်၍လေ့ကျင့်ကွင်းထဲဝင်ကာ တိုက်ခိုက်ရန်မဆင့်ဖြစ်နေအောင်အသင့်အနေထားပြင်ထားသည်။ တပ်မှုးပိုင်လည်းထိုနည်းတူစွာပင် တစ်ဖြည်းဖြည်းတိုက်ခိုက်မှုပြင်ထန်လာတာနဲ့အမျှအရှင့်သားရဒ့လက်မောင်းမှာဓားခြစ်ရာဖြစ်သွားပြီ အရှင့်သားရဲ့ဓားသွားကတော့တပ်မှုးပိုင်ရဲ့လည်ပင်းမှာရှိနေတာမို့ တပ်မှုးပိုင်ရှုံးနိမ့်သွားရတော့သည်။ မင်းသားလည်းပြိုင်ပွဲရဲ့ရလဒ်ကိုစိတ်ကျေနပ်တဲ့အမှုအရာနဲ့ တက်မှုးပိုင်ရဲ့ပုခုံးကိုပုတ်၍ထစေလိုက်တော့သည်။

" မင်းတိုးတက်လာတာပဲ တပ်မှုးပိုင် "

" ဒါပင်မဲ့လည်း အရှင့်သားကိုမမှီသေးပါဘူး "

" ဟားးးဟားးးးဟားးး မဟုတ်ပါဘူးကွာ "

အခုမှရီရီမောမောဖြစ်၍ အစောကမကောင်းဆိုးဝါးအသွင်ဆောင်တဲ့ရုပ်ကနေ အခုမှကြည်လင်လာတော့သည်။ တပ်မှုးပိုင်နဲ့အတော်ကြာအောင်စကားပြောပြီးတော့နန်းဆောင်ကိုပြန်တာကြောင့်အခုဆိုနေ့လည်ပိုင်းတောင်ရောက်နေပြီ နန်းဆောင်ထဲမှာတော့ထယ်ဘီမယ်မယ်ကအသင့်စောင့်နေခဲ့တော့သည်။

Unable to find an answer(အဖြေရှာ၍မရသော)Hikayelerin yaşadığı yer. Şimdi keşfedin