Uincode
နေရောင်ခြည်ကမျက်နှာပေါ်ကိုရိုက်ခက်လာတာနဲ့ ဆက်၍အိပ်ချင်နေသေးတယ်စိတ်တွေကိုဖယ်၍ မျက်လုံးဖွင့်လိုက်တော့ မနေ့ကဖြစ်ပျက်ခဲ့သမျှကိုပြန်မြင်ယောင်လာ၍ ထိတ်ထိတ်လန့်လန့်ထ၍ရုပ်တစ်ရပ်ထိုင်မိသွားသည်။ ပြီးတော့မှအခန်းပတ်လည်ကိုလှည့်ပတ်မျက်စီကစားလိုက်တော့လည်း ဒီအခန်းကကျွန်တော်ကိုနေဖို့ပေးထားသောအခန်းထက်များစွာပို၍ခမ်းနားနေသည်။
" ငါဘယ်ကိုရောက်နေခဲ့တာလဲ......... အ...... "
မတ်တပ်ရပ်ဖို့ပြင်လိုက်ပင်မဲ့ ခြေထောက်တွေကိုကြိုးတွေတုပ်ထားတာမို့ ပြန်ခဲကျသွားတော့သည်။
" အပြင်မှာဘယ်သူရှိလဲ အပြင်မှာဘယ်သူရှိလဲလို့!"
အကြိမ်ဖန်များစွာဒီစကားကိုပြောနေပင်မဲ့မည်သူကမှစကားပြန်ဖြေခြင်းမရှိတဲ့အပြင် လူရှိနေတဲ့အရိပ်အရောင်လေးတောင်မတွေ့ရပေ။ မဟုတ်မှငါဒီမှာသေရတော့မှာလား
လက်တွေက ပါးလွှာပြီပြဒါးထည့်ထားသောမှန်ဇာနဲ့ချည်နှောင်ထားတာမို့ အတိုးအဆန့်တော့လုပ်လို့ရပင်မဲ့တစ်ထောင်လောက်ကွာတဲ့အကွာဝေးကိုရောက်ရင်တော့လက်ကိုဓားနဲ့လှီးနေသကဲ့သို့ခံစားရစေသည်။
ကြိုးစား၍ရုန်းကန်နေပင်မဲ့ လက်ထဲကသွေးတွေသာစီးကျလာခဲ့တယ် ကြိုးတွေကတော့ပြေလျော့သွားတာမျိုးမရှိခဲ့ပေ။" မွေးစားမေမေ ကျွန်တော်ဒီတစ်ခါတော့တကယ်သေရတော့မယ်ထင်ပါတယ် "
ကိုယ်ခံအားကအစောကြီးထဲကသာမန်လူတွေလို့မဟုတ်တာကြောင့် လက်ကထွက်နေတဲ့သွေးတွေနဲ့ ဒဏ်ရာအရှိန်ကြောင့် သတိတွေကမရတစ်ချက်ရတစ်ချက်ဖြစ်နေသည်။ အကယ်၍ဒီနေရောင်ကိုမြင်ရတာနောက်ဆုံးနေ့ဆိုရင် ငါဆုတောင်းတယ်ဒီလိုဘဝမျိုးတွေနောင်ဘယ်သောအခါမှမရရှိရပါစေနဲ့။
ညီလာခံထဲရောက်နေပင်မဲ့ဖင်တကြွကြွနဲ့အဆောင်တော်ကိုသာပြန်ချင်နေတော့သည်။ ဖြစ်နိုင်ဂင်ညီလာခံကိုတောင်မလာပဲ ထိုအလှလေးနားပဲပူးကပ်၍နေချင်နေပင်မဲ့ တိုင်းပြည်ရဲ့အိမ်ရှေ့မင်းသားဖြစ်နေတာမို့မဖြစ်မနေလာရခြင်းဖြစ်သည်။ အခုလဲဖင်မီးခဲခုထိုင်နေရသကဲ့သို့ဖြစ်ကာဘယ်အရာကိုမှဂရုမစိုက်နိုင်ပဲ သူရဲ့ကြောက်လန့်တကြားအော်သာလေးကိုသာနားထဲစွဲထင်နေမိသည်။
YOU ARE READING
Unable to find an answer(အဖြေရှာ၍မရသော)
Historical FictionSide story(အရှင့်ရဲ့နွန်းဆိုးဟွာ) boy love fic Fic name = Unable to find an answer (အဖြေရှာ၍မရသော) Author by Yawnathan own creation The cover image does not belong to me.