Uincode
" ဒန်ရှင်းကိုပြန်ပို့ပေးပါ "
" မလုပ်ပေးဘူးဆိုရင်ရော "
" အိမ်ရှေ့စံ "
" ယောကျာ်းလို့ခေါ်! "
တစ်ယောက်တစ်ခွန်းအော်ဟစ်၍ အခန်းအတွင်းမှာဆူးညံသွားရတော့သည်။ ဒါပင်မဲ့အလျော့တော့မပေးနိုင်ဘူးမဟုတ်လား အခုထဲကအလျော့ပေးထားရင်နောက်နောင်မလိုအပ်တာတွေအလျော့ပေးနေရမှာကိုတော့မလိုလားပေ။
" ခေါ်ရင် ပြန်ရမှာလား "
အစောကြီးထဲက မင်းကြီးလာတွေ့မှာမို့ပြန်ရပို့ရမယ်ဆိုပင်မဲ့လည်း အခုလို့အမြတ်ထုတ်သွားတာကိုတော့အလှလေးသိရင် မငြိုငြင်ဖို့မျော်လင့်ပါတယ်။ တကယ်ဆိုငါကိုယ်တော်ကိုဒီလိုဖြစ်စေတာကမင်းပဲမဟုတ်လား အတော့မင်းတာဝန်အပြည့်ဝယူရမယ်
" ယောကျာ်း........ "
" မကြားရဘူး "
" မင်း!....... ယောကျာ်း "
" အထိန်းတော်နမ် ဦးရီတော်ကိုပြန်ပို့ပေးလိုက်ပါ "
ဒီအတိုင်းထွက်သွားဖို့လုပ်နေတဲ့အလှလေးကိုလက်စောင့်ဆွဲလိုက်၍အနောက်ကနေဖက်ထားလိုက်သည်။ သေးကွေးလွန်းတဲ့ကိုယ်ခန္ဓာလေးကရင်ခွင်ထဲကိုအပြည့်ဝရောက်လာပြီ "အင့်" ဆိုတဲ့အသံလေးတောင်ထွက်လာသည်။
" မျက်နှာကိုဒီဘက်လှည့်လိုက် "
ကြောက်လို့လားမသိဘူးပြောတဲ့အတိုင်းလုပ်ရှာတဲ့ဦးရီတော်အသေးလေးရဲ့မျက်နှာကိုမြင်လိုက်ရချိန်မှာတော့ ပထမအစကနေပုဝါကာပေးမလို့လုပ်ထားပင်မဲ့ အနီးကပ်တွေ့လိုက်ရတဲ့နှုတ်ခမ်းရဲရဲဖူးဖူးလေးတွေကြောင့် လက်မနဲ့ပွတ်ဆွဲ၍သေချာကြည့်နေမိသည်။
"ဂလု "
လည်စလုပ်တွေသိသိသာသာလှုပ်ရှားသွားပြီအသံထွက်သည့်အထိတံတွေးမြိုချမိတော့သည်။ ဝိုင်းစက်နေတဲ့မျက်ဝန်းပြာတွေ ကြည်လင်နေတဲ့အသားအရည်၊ တင်းအိပြီရဲနေတဲ့နှုတ်ခမ်းအလွှာတွေကြောင့်အသိလွတ်ကာ ငုံ့၍နမ်းလိုက်မိတော့သည်။ ထိတွေ့ရုံလေးလို့ထင်မှတ်ထားပင်မဲ့ အထိအတွေ့မှာဆွဲအားပြင်း၍အတောမသက်နိုင်တဲ့လောဘတွေကပ်တွာ်ကာ သူရဲ့လက်တွေကိုချုပ်၍ နှုတ်ခမ်းရဲလေးကိုသွေးထွက်သည့်အထိကိုက်ချလိုက်၍ ဖြည်းဖြည်းချင်းအဒီသွေးတွေကိုပြန်စုပ်ပေးလိုက်သည်။ အစကတွန်းကန်နေတဲ့လက်တွေကအခုချိန်မှာတော့ လက်မောင်းကဝတ်ရုံတွေကိုဆွဲ၍ အသက်ကိုမနည်းရှူနေရတဲ့အနေထားပင်ဖြစ်သည်။
YOU ARE READING
Unable to find an answer(အဖြေရှာ၍မရသော)
Historical FictionSide story(အရှင့်ရဲ့နွန်းဆိုးဟွာ) boy love fic Fic name = Unable to find an answer (အဖြေရှာ၍မရသော) Author by Yawnathan own creation The cover image does not belong to me.