ခေါင်းရင်းအိမ်ကလူဆိုးကောင်
"ချာတိတ်!"
လှမ်းခေါ်တဲ့အသံကြောင့်ကိုယ်နဲ့ကိုယ့်အစ်မ အမှတ်တမဲ့လှည့်ကြည့်လိုက်တာပဲ။
ဘယ်သူဖြစ်ရမလဲ?ခေါင်းရင်းအိမ်က လူဆိုးကောင်ပေါ့!သူနဲ့သူ့အပေါင်းအပါ လေးယောက်လောက်က ကိုယ်တို့ဘက်ကိုကြည့်ပြီးပြုံးစစလုပ်နေတာလေ။ပြီးတော့ ခပ်တည်တည်နဲ့ကိုယ်တို့ကိုလှမ်းခေါ်တာ မဟုတ်သလိုလို လုပ်ကာ
အထွန်းရဲ့ ချာတိတ်သီချင်းကို ထဆိုတော့တယ်။🎶"ချာတိတ်.. ညဘက်နှိပ်စက်အိပ်လို့မရအောင် အရိပ်ကလေး...အိပ်မက်ထဲအတင်းတိုးဝှေ့ကာ ချာတိတ်ကလေးရယ်..မင်းကိုယ့်အပေါ်..နှိပ်စက်လွန်းတယ်ကွယ်.."
"တောက်!!"
ကိုယ် တောက်တစ်ချက်ခေါက်ပြီး ကိုယ့်အစ်မလက်ကိုဆွဲပြီး အိမ်ကိုကမူးကရှူး ပြန်လာရတယ်။
ကိုယ်တို့မိသားစုမှာ အဖေမရှိတော့ဘူး။ ရောဂါနဲ့ဆုံးပါးသွားတာကြာခဲ့ပြီလေ။မေမေက ရုံးဝန်ထမ်း။မေမေ့ရဲ့လစာက ကိုယ်တို့ကိုကျောင်းထားပေးရုံပဲတတ်နိုင်တာမို့ ကိုယ်က ဆယ်တန်းပေမဲ့ ခက်ခဲတဲ့ဘာသာကိုပဲကျူရှင်ယူခဲ့တာ။ မမက နည်းပညာပိုင်းနဲ့ပက်သတ်တဲ့ အင်ဂျင်နီယာ ကျောင်းကိုတက်နေတာလေ။
ညဂို်က်ပြရင်း ကျောင်းစရိတ်ကို ကိုယ့်ကိုယ် ရှာတဲ့သူမို့ မေမေ့ရဲ့လစာက ကိုယ်တို့မိသားစုအတွက် လုံလောက်ခဲ့တယ်။ကိုယ်တို့မိသားစု ဒီဆင်ခြေဖုံးရပ်ကွက်အနိမ့်ပိုင်းလေးကိုပြောင်းလာတာ တစ်နှစ်ရှိတော့မယ်။
ကိုယ်တို့ခေါင်းရင်းအိမ်ကမိသားစုနဲ့ စစပြောင်းလာကတည်းကခင်ခဲ့တာ။ အထူးသဖြင့် အဲ့သည့်အိမ်က လူဆိုးကောင်နဲ့ပေါ့။လူဆိုးကောင်က ကိုယ့်ထက်ငါးနှစ်ကြီးပြီး ကိုယ့်မမထက် ၁နှစ်ကြီးတယ်။ လက်ဖျံနဲ့ ကျောမှာလည်းတက်တူးတွေအပြည့်ပါပဲ။အင်ဂျင်နီယာကောလိပ်ကျောင်းသားလို့သာဆိုတယ်...မမလိုစာကျက်တာမျိုးလည်းမတွေ့ရ။တစ်ခါတလေဒူးယားဆေးလိပ်ကြီးတခဲခဲနဲ့။အိမ်ကမေမေကသူ့ကို ချစ်သလောက်၊ မမနဲ့သူက တည့်သလောက် ကိုယ်ကတော့သူ့ကိုကြည့်လို့ကိုမရဘူး။ရပ်ကွက်ထဲမှာ ဂစ်တာတစ်လက်ပိုက်ပြီး သူ့သူငယ်ချင်းတွေနဲ့တရုံးရုံး။ထစ်ခနဲရှိရန်ကဖြစ်သေး။စာမေးပွဲကကျသေး။ ဒါကိုများ ကိုယ့်အမနဲ့သဘောတူမယ်ထင်နေလား။ကိုယ့်အမက လုံးကြီးပေါက်လှ။မြင်သူတိုင်းကငေးပြီး ကျောင်းရဲ့ ကွင်းပဲ။အိမ်လာတဲ့ဧည့်သည်တွေကတော့ မမကို ကျက်သရေရှိပြီးလှတယ်လို့ပြောကြတယ်။လူတိုင်းက ကိုယ့်ကိုတော့ ယောက်ျားလေးဖြစ်ပြီး ဘယ်သူ့တူလို့ အဲ့လောက်ချစ်ဖို့ကောင်းရတာလဲတဲ့။ အဲ့သည့်ထဲမှာ လူဆိုးကောင်တော့မပါဘူး။လူဆိုးကောင်က ကိုယ့်ကို အရုပ်ဆိုးတယ်လို့အမြဲပြောတာ။
သူကကော ဘယ်လောက်ချောနေလို့လဲ!