(၄)Wedding of a black mole

10.4K 1.2K 21
                                    

မှဲ့နက်လေးရဲ့မင်္ဂလာဆောင် (Oneshot)

"ငြိမ်းချမ်း နင် ငါ့မင်္ဂလာဆောင်ကိုမလာရင် ရှင်ခန်းပြတ်ပဲနော်! မရဘူးမရဘူး လာကိုလာရမယ်!"

ဂျူးဂျူး ရဲ့အသံကို မင်္ဂလာဆောင်မသွားခင်အချိန်ထိ ကျွန်တော်ကြားယောင်နေပါသေးတယ်။
ဂျူးဂျူးဆိုတာ ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းလေ။အလယ်တန်းလောက်ကတည်းက ပေါင်းလာခဲ့တာ အခု မင်္ဂလာဆောင်တော့မယ်ဆိုတဲ့အချိန်ထိပါပဲ။

ကျွန်တော်ကမင်္ဂလာဆောင်တွေကို မုန်းတယ်။
ဘယ်ကတည်းကလဲ ဆိုရင် အဖေနဲ့အမေ ကွာရှင်းပြီး နောက်ယောက်ျား၊နောက်မိန်းမတွေနဲ့ ထပ်ပြီးမင်္ဂလာဆောင်တဲ့အချိန်တည်းက။
မင်္ဂလာဆောင်တယ် အိမ်ထောင်ပြုတယ်ဆိုတာက ကျွန်တော့်အထင် ထောင်တစ်မျိုးပါပဲ။စာချုပ်တစ်ခုနဲ့ချုပ်နှောင်လိုက်တယ်။
ထောင်ကျရင် လွတ်တတ်တာက မဆန်းပါဘူး။
အိမ်ထောင်ကျပြီး ကွာရှင်းကြတာကလည်း မဆန်းပါဘူး။
အဲ့လိုနဲ့ပဲ ကျွန်တော်က broken family zone ထဲမှာကျန်ခဲ့တာပေါ့။

အဲ့ဒါကြောင့် ကျွန်တော် ဒီတစ်သက်တော့ မင်္ဂလာဆောင်ဖြစ်မယ်မထင်ဘူး။မင်္ဂလာဆောင်သွားရတာကို မုန်းပေမဲ့လည်း ဂျူးဂျူးရဲ့ မင်္ဂလာဆောင်ကိုတော့သွားရမဲ့အခြေအနေပါ။
ဘာလို့လဲဆိုတော့ သူမကကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းမို့လေ။

•••••

မင်္ဂလာဆောင်ကို ညစာစားပွဲ ပုံစံအဖြစ်ပြောင်းလုပ်တဲ့ ဂျူးဂျူးက ကျွန်တော့်ဘက်ကိုငဲ့တာတဲ့။
ဂါဝန်တကားကားနဲ့မဟုတ်ဘဲ ကိုယ်ကပ် အနီရောင်ဝတ်စုံလေးနဲ့ ဂျူးဂျူးက တကယ်ကို လှတယ်။
ဘဝတလျှောက်လုံးမှာ မေတ္တာဆိုတဲ့ဓာတ်ကို သူနဲ့မှ အတည်တကျခံစားဖူးတာမို့ ဂျူးဂျူးကို သူငယ်ချင်းလို တဖုံ မောင်နှမလိုတဖုံ ကျွန်တော်ချစ်ရတယ်။
အခုလည်း ကျွန်တော့်ဘဝထဲကနေ သည် မင်္ဂလာဆောင်ကိုကျင်းပပြီး ထပ်ပြီးထွက်သွားတော့မယ်ထင်တယ်။ ကျွန်တော့်အဖေနဲ့အမေလိုပေါ့။
လူတိုင်းသိကြတဲ့မင်္ဂလာဆောင်က ပေါင်းစည်းခြင်းဆိုပေမဲ့ ကျွန်တော့်အတွက်တော့ မင်္ဂလာဆောင်တွေက ခွဲခွာခြင်းတစ်ခုသာ။

Sweet MomentsDonde viven las historias. Descúbrelo ahora