Jung Kook-ရောက်ပါပြီဆရာမ
Jin-ဟင်..ဟို
Jung Kook-*ဟင် ပေါက်စက ငါနဲ့ အတန်းတူတူဘဲလား တွေ့ကြတာပေါ့ ပေါက်စရယ်*
Teacher-လာလေသား ဝင်ခဲ့
Jung Kook-ဟုတ်ဆရာမ
Teacher-သူငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ပါအုန်း
Jung Kook-သူငယ်ချင်းတို့ရေ အားလုံးဘဲတွေ့ရတာဝမ်းသာပါတယ် ကိုယ်က Jung Kookပါ
(မျက်လုံးလေးတစ်ချက်မှိတ်ပြီးနှုတ်ဆက်ပြလိုက်တော့)
Girl 1-အမလေး တွေ့ပြီ တွေ့ပြီ အဲ့တာငါTypeဘဲ ဟေ့
Girl 2-ငါကတော့ Seok Jinဘဲဟေ့
Teacher-ကဲသားတို့ ဟိုမှာ ခုံအလွတ်နှစ်ခုံထားပေးထားတယ် ဝင်ထိုင်လိုက်ကြနော် ဆရာမကို ကျောင်းအုပ်ကြီးခေါ်ထားလို့ ရုံးခန်းသွားလိုက်အုန်းမယ် မဆူကြနဲ့နော် သူငယ်ချင်းတွေကိုလည်း ကူညီကြလိုက်အုန်း
All-nae
(ဆရာမထွက်သွားပြီး ခုံမှာဝင်ထိုင်မယ်အလုပ်)
Jin-ဟို ဟိုလေ Jeon Jung Kook shi ပြတင်းပေါက်နားမှာ ကျွန်တော်ထိုင်လို့ရမလားမသိဘူး
Jung Kook-ဟင့်အင်းမရဘူး
Jin-😞
(JKစလိုက်တော့ မျက်နှာလေး ညှိုးကြသွားတဲ့ Jinကိုကြည့်ပြီး ထပ်စချင်လာတာနဲ့)
Jung Kook-ဟိတ်ပေါက်စ ငိုတော့မငိုလိုက်နဲ့နော် နောက်တာပါဗျာ ထိုင်ပါ
Jin-ကျေးဇူးပါ Jeon Jung Kook shi😊
Jung Kook-ဟိုလေ ကျွန်တော့်ကို Jeon Jung Kookလို့မခေါ်ပါနဲ့လား ရွယ်တူလောက်ဆိုတော့ ရင်းရင်းနှီးနှီးလည်းဖြစ်အောင် တစ်ခုခုခေါ်ကြည့်ပါလား
Jin-ဟင် ဘယ်လိုခေါ်ရမလည်း
Jung Kook-ဘယ်လိုခေါ်ချင်လည်း ပေါက်စက
Jin- Kookဆိုတော့ Kook Kookie ဟုတ်တယ် Kookieလို့ခေါ်မယ်လေ
Jung Kook-သဘောဗျာ ကိုယ်ကတော့ ပေါက်စလို့ဘဲခေါ်မယ်လေ ရတယ်မလား
Jin-inn ရတာပေါ့
Jung kook-အဲ့ဒါဆိုရင်သူငယ်ချင်းတွေဖြစ်သွားပြီနော်