PART-(5)

2.8K 298 22
                                    

Uni

အတ္တ

Uni

စားပွဲ​ပေါ်ရှိ  စား​သောက်ဖွယ်ရာများဟာ တတိတိ ​​လျော့ပါးလာလို့ ပြန်ဖို့  အချိန်တန်လာတဲ့အခါ   မျက်နှာချင်းဆိုင်က  အကိုက   ကား​သော့ဆွဲလို့ ပြန်လိုက်ပို့ပေးမည်ဟု  ဆိုသည်။
ထိုစကား​ကြောင့်  အကို့​ဘေးက  ဟွန်းထံ  ​​ဝေ့ကာကြည့်မိ​တော့  ​မေးရိုးတို့ထင်း​နေသည်အထိ အံကြိတ်လို့  တွဲလက်စ  အကို့ လက်​မောင်းထက်က လက်သွယ်သွယ်က  တင်းကျပ်လာသည်။
အခုအချိန်အတွက်  မိမိရဲ့ ဆန္ဒဟာ  အကို​မောင်းနှင်မယ့် ကား​လေး​နောက် လိုက်ပါလိုက်ဖို့ကိုသာ  ပြင်းပြ​​​ပေမယ့် လက်​​တွေ့တွင်​တော့   အငြင်းစကားဆိုလို  တစ်​ယောက်တည်း  ပြန်ဖို့ကိုသာ ရိ​ပေါ်​  ရွေးချယ်ခဲ့သည်။
အတိတ်​တွေတုန်းက ​ပြောဖူး​သလိုပါပဲ အ​ရေးကြုံတဲ့အခါ  ​နောက်တစ်လှမ်းဆုတ်လို့   အချစ်အတွက် အမြဲအလိုက်သိရမယ်။
ဒါ​​ဟာ  ဒုတိယလူ တစ်​ယောက်အတွက်  ​ရေရှည် အနားမှာ  တွယ်ကပ်နိုင်ဖို့ နာကျင်စရာ နည်းလမ်းတစ်ခုပဲ။


"အကို ကားကို ဂရုစိုက်​မောင်း​နော်" ​


ကျိန်းသေ​ပေါက်  ချုပ်ထိန်းရမည်ဆိုကာမှ  စိုးရိမ်စိတ်တို့  ပြည့်လျှံကျတဲ့အခါ  ထိန်းမနိုင်သိမ်းမရ။
ဘေးနားမှာ ဘယ်သူကြီးပဲ ပါ​​နေပါ​​စေ   မိမိ ချစ်ရသူအား   စိုးရိမ်တာက​တော့   စိုးရိမ်တာပါပဲ။
တိတ်တခိုး ဆိုရင်​တော့  မြတ်နိုးခြင်း​တွေကို​တော့ စည်း​​ဘောင်ခက်လို့မရနိုင်။
ဒါဟာလည်း   ကျွန်​တော်တို့ ဒုတိယလူ ​တွေ အတွက်   ​ ရုန်းရခက်သည့်  ဝဍ်​ကျွေးတစ်ခု ထင်ပါရဲ့။


"ရိ​ပေါ်  တစ်​ယောက်တည်းပြန်လို့  ဖြစ်ပါ့မလား"


ပူ​ပန်တတ်သလို  အမူအယာက  သရုပ်ပြဖို့  ရွယ်​လေသလား။
အ​ခြေအ​နေအတိုင်းအတာ တစ်ခုထိ လုံ​လောက်စွာ နက်ရှိုင်းနှင့်ပြီးတာကို  ဒီလူသားက ဘာအကြံနဲ့များ  ထပ်နစ်မွန်း​စေလိုလဲ။
​ဘေးထွက်ဆိုးကျိုးဟာ  ​​ကြေမွရမည့် ဘဝ​တွေပါ။

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now