PART-(10)

3.3K 289 23
                                    

Zawgyi

Wretched Heart💔

RECOMMENDED SONG-Happier by Oliva Rodrigo

ဟိုပြသနာ​ဖြစ်ပြီးကတည်းက စာလုပ်ရတာ သိပ်စိတ်မဝင်စား​တော့တဲ့ ရိ​ပေါ်အတွက် ​လေလွင့်ချိန်​တွေပိုများလာခဲ့သည်။
အရင်တုန်းက အားရင်အားသလို သင်္ချာကိန်းဂဏန်း​​တွေထိုင်တွက် ဒါမှမဟုတ် ပုစ္ဆာ တစ်ခုခုကို ထိုင်​ဖြေရှင်း​နေတက်တဲ့ ရိ​ပေါ်ဟာ ယခုအချိန်မှာ​တော့ ဖုန်း​လေးတစ်လုံးကိုင်ကာ သီချင်း​လေး တညည်းညည်းနဲ့။
ယခုလည်း ယွီပင်းနဲ့ နှစ်​ယောက်သား ​ကျောင်းမတက်ခင် အတန်းထဲ​ထိုင်​နေကျရင်းက​နေ ဖုန်းထဲမျက်နှာကြီး ဝင်မတတ် ကြည့်နေရင်းမှ ထ​အော်လာသည်။

" ဟ!! ယွီပင်း ဒီမှာကြည့်စမ်း လက်​ဆောင်​​တွေကို အဲလိုလဲ ပေးလို့ရတယ်ကွ ဒီလိုမျိုး​လေးဆိုတော့ ပိုပြီးအသစ်အဆန်းဖြစ်တာပေါ့နော်"

Social media တွေနဲ့အတော်ကြာ အဆက်အသွယ်ပျက်ပြီးမှ ပြန်အသုံးပြုဖြစ်တဲ့ ရိ​ပေါ်အတွက် မြင်မြင်သမျှဟာအသစ်ဆန်း။
Supprise gift service page ထဲ ​နေ့​ရောညပါ ဝင်ဝင်ပြီး သ​ရေယို​နေတဲ့ ရိ​ပေါ်ဟာ ယ​နေ့မှာလည်းတဝိုးဝိုးတဝါးဝါးအသံစုံကို ထွက်လို့။

" ရိပေါ် အာ့ဒါတွေက တချို့ကောင်လေးတွေ သူတို့ချစ်သူကောင်မလေးတွေကို Supprise လုပ်ကြတာ​လေ မင်းကဘာဆိုင်လို့ဝင်ကြည့်နေတာတုန်း"

ယွီပင်းရဲ့ ခပ်ကြိတ်ကြိတ် စကားသံ​ကြောင့် မျက်​တောင်ရှည်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြလာတဲ့ ရိ​​​ပေါ်။

"အာ့​တော့ မင်းတို့ငါတို့လို FA ​တွေနဲ့ မဆိုင်ဘူး​ပေါ့ဟုတ်လား"

ပါးစပ်က​ပြော​နေရုံနဲ့ အားမရပဲ လက်ညှိုးကြီးကပါ မျက်နှာ​ရှေ့ ဝဲလာပြီး ရုပ်တည်ကြီးနဲ့ နှိမ်လာသူ​ကြောင့် ယွီပင်းရဲ့ မျက်နှာက တဖြည်းဖြည်အိုစာလာသည်။
အ​​ရှေ့က ဝမ်ရိ​​​ပေါ် ​ကတော့ ယွီပင်းကိုကြည့်ရင်း သ​ဘော​တွေကျကာ မျက်ဝန်း​တွေမှိတ်ကျသွားသည်အထိ ရယ်​မောလို့။

................................................................

"ယွီပင်းငါ့ကို ​ရေဘူး​လေးတစ်ချက်​လောက်"

အ​ကြောက်ရဆုံး သင်္ချာချိန်မို့ ပြူးပြဲကာ ​​သေချာလိုက်နား​ထောင်​နေတဲ့ ယွီပင်းကို ​ဘေးက ရိ​​ပေါ်က ခုပြီးတခု မပျင်းစတမ်းခိုင်းနေသည်။
ပြတင်းပေါက်နားထိုင်ချင်တယ်ဆိုလို့ စာသင်နေရင်တန်းလန်း ​နေရာ ခိုး​ပြောင်း​ပေးထားတာ​တောင် ​ကျေနပ်သေးပုံ မပေါ်သေးပေ။

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now