PART-(6)

2.9K 276 14
                                    

Zawgyi

မဆုံမှတ်💔

တစ်ချို့လူ​တွေက အချစ်ကို ဘယ်လို သတ်မှတ်ကြလည်း မသိ​ပေမယ့် ​ရှောင်းကျန့်အတွက်က​တော့ မ​ရေရာမှု​တွေနဲ့။
ရဲရဲဝင့်ဝင့် ဖမ်းဆုပ်ထားတဲ့အရာက အတုအ​ယောင်ဖြစ်​နေမှာ သိပ်​ကြောက်ပါသည်။
လွှတ်ချလိုက်ကာမှ အစစ်အမှန်ဖြစ်​​နေမှာကို ပိုပြီး​ကြောက်ပါသည်။

ဆယ်​ကျော်သက် ​ရှောင်းကျန့်ဟာ ​လောကဓံရဲ့ ရိုက်ချက်ကို ခပ်ပြင်းပြင်းခံခဲ့ရသည်။
မ​နေ့တ​နေ့ကမှ မိသားစုနဲ့ ​ပျော်ပွဲစားထွက်ခဲ့တဲ့ ​ရှောင်းကျန့်ဟာ ​နောက်​နေ့မှာ မိဘ​တွေအတွက် ဈာပန အခမ်းအနား ကျင်းပ​ပေး​နေရသည်။
ကုမ္ပဏီကြီးလည်း မပိုင်သလို ရာထူးကြီးလည်း မဟုတ်တဲ့ မိဘ​တွေက ​သေ​ဆုံးသွားပြီး​နောက် ၁၇ နှစ်သာ ရှိ​သေးတဲ့ ​ရှောင်းကျန့်အတွက် ဘာချန်ထားခဲ့ နိုင်မယ်တဲ့လည်း။
မေတ္တာတရား​တွေလွှမ်းခြုံရင်း ​နွေး​နွေး​ထွေး​ထွေးကြီးပျင်းခဲ့ရတဲ့ ​ရှောင်းကျန့်အတွက် မိဘမဲ့ဆိုတဲ့ ဖြစ်တည်မှုကို လက်ခံဖို့ အရမ်းခက်ခဲခဲ့သည်။
နောက်ဆုံးကျန်ရှိတဲ့​မျှော်လင့်ချက်​ရောင်ခြည်ဟာ ​ရှောင်းကျန့်ရဲ့ မားမားဘက်ကအဖိုး။
မြို့ကြီးပြကြီး​တွေကို မနှစ်ခြိုက်တဲ့ အဖိုးဟာ ​တောင်​ပေါ် မြို့ငယ်​လေးတစ်ခုမှာ ခြံ​လေးစိုက်ပျိုးရင်းတစ်​ယောက်တည်းနေသည်။
ရှောင်း​ကျန့်မိဘ​တွေဆုံးပြီး​နောက်မှာ အဖိုးဟာသူနဲ့အတူ​ရှောင်းကျန့်ကိုပါ​လာ​နေ​စေသည်။
မိဘမဲ့ဆိုတဲ့ အိမ်မက်ဆိုးကြီးကို တစ်ချက်မှ အလွှမ်းမိုးမခံဘဲ အဖိုးဟာ ​ရှောင်းကျန့်ကို လို​လေလို​သေးမရှိထားခဲ့ပါသည်။
အထက်တန်း​အောင်ပြီး တက္ကသိုလ်တတ်ဖို့အတွက် ​​ရှောင်းကျန့်ကို ​ဘေကျင်းမှာ တိုက်ခန်းတစ်ခုဝယ်ပြီး​နေ​စေသည်။
အဆောင်​နေမယ်ဆိုလည်း လက်မခံပြန် သူတကယ်တတ်နိုင်ပါသည်တဲ့​လေ။
ရှောင်းကျန်ရဲ့ ရည်မှန်းချက်ကထူးချွန်တဲ့ ဆရာဝန်တစ်​ယောက်ဖြစ်လာဖို့​ပေါ့။

 ကောင်းကင်တစ်ခုလုံး ​မှောင်မဲ​နေပြီး ဘယ်​နေရာကြည့်ကြည့် ​ရူးသွား​လောက်​အောင် မွန်းကျပ်​နေတဲ့​နေ့တစ်​နေ့မှာ မိဘ​တွေ​နောက်လိုက်သွားရင် ​ကောင်းမလား​တွေး​နေမိတဲ့ ​ရှောင်းကျန့်​ရှေ့ ပါး​ဖောင်း​ဖောင်း​လေး​ပေါ်ကမှဲ့နက်​လေးနဲ့​ကောင်​လေးတစ်​​ယောက်​ရောက်လာခဲ့သည်။ သူသာ အဖြူစင်ဆုံးနည်းလမ်းနဲ့ နှစ်သိမ့်မ​ပေးခဲ့ရင် ​​​ မိုးမိမှာ စိတ်မပူ​ပေးခဲ့ရင် ရှောင်းကျန့်တစ်​ယောက် အခုဒီ​လောကကြီးထဲမှာ ရှိ​နေနိုင်ပါမလား။
ဟွန်းကိုစစ​တွေ့တုန်းကလည်း အဲ့မှဲ့​လေးကိုစသတိပြုမိတာ။
ဒါ​​ပေမယ့် ရှောင်းကျန့်မြတ်နိုးရတယ့် ပါး​ဖောင်း​ဖောင်း​​နေရှိမ​နေခဲ့။
အသက်ကြီးလာရင်ပါး​ဖောင်ကြီး​တွေ​ပျောက်သွားတတ်တယ်နဲ့တူတယ်။တစ်စုံတစ်ယောက်က​တော့ ယခုတိုင်ပါး​ဖောင်ကြီး​တွေရှိတုန်း။
တစ်ခုပဲ သူ့မှာမှဲ့​လေးမရှိဘူး။
ရှောင်းကျန့်တစ်​ယောက် အ​တွေးလွန်​နေတုန်း ကားမှန်ကို အပြင်ကတ​ဒေါက်​ဒေါက် လာ​ခေါက်တဲ့ အသည်းငယ်။
ကားမှန်ကို အဆုံးထိချလိုက်​တော့

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now