PART(9)

2.5K 251 15
                                    

Uni

မနက်ကတည်းကစလို့ တစ်ချိန်ပြီးတစ်ချိန် သင်သွားခဲ့သမျှ စာ​​တွေ​ကို တစ်လုံးမှလိုက်နားမ​ထောင်တဲ့ယွီပင်းဟာ ဘေးက မှန်ပြတင်းကိုသာ ​ငေးငိုင်လို့ကြည့်​နေသည်။
တစ်ချိန်ဝင် တစ်ချိန်ထွက် ဆရာတို့ရဲ့ အပြစ်တင်သံအချို့ကိုလည်း လျစ်လျူရှုပြန်သည်။
အမြဲ​ပျော်​ပျော်​နေတတ်တဲ့ ယွီပင်းရဲ့ ဒီလို အားပျက်တတ်တဲ့တစ်ဖက်ခြမ်းကို ရိ​ပေါ်မြင်​နေရသည့်အခါ တကယ့်ကိုမှ စိုးရိမ်မိပါသည်။
ယခုလည်း ​နေ့လည်စာစားချိန်​ရောက်သည်အထိ ​နေရာမှ တုတ်တုတ်မလှုပ်​သော ယွီပင်းကို ရိ​ပေါ်ကပဲ နှိုး​ဆော်ရပြန်သည်။

"ဟဲ့​ကောင် ​နေ့လည်စာစားမယ်​လေကွာ လာ ထ ကန်တင်းသွားရ​အောင်။"

ထိုင်​နေရက်သား ယွီပင်းရဲ့ ညာဘက်လက်ကို မတ်တပ်ရပ်​နေပြီးသားရိ​ပေါ်က အားကုန်သုံးလို့ အတင်းဆွဲထူ​သော်လည်း ရွှေ့မလာ။

"ယွီပင်း မင်းဘာဖြစ်နေတာလည်း"

ကိုင်လက်စ လက်တစ်ဖက်ကို ပစ်ချလိုက်ပြီး ငြီးငြီးငြူငြူ ရိ​ပေါ်​ပြောမိ​တော့ တစ်ဖက်လူဆီမှ စကားသံစထွက်လာ​တော့သည်။

"ရိ​ပေါ် ငါ​ပြောတာ​သေချာနား​ထောင်​နော်။"

မျက်ဝန်း​တွေကို တည့်တည့်ကြည့်ရင်း ယွီပင်း​ပြောလာပုံမှာ တကယ့်ကို ​လေးနက်​နေပုံ မလို့ ရိ​ပေါ်ပါ မျက်နှာကို တည်လိုက်မိသည်။

"အခု ငါတို့​ကျောင်း page မှာ မင်းအ​ကြောင်း​တွေပျံ့​နေတယ်။"

တစ်လုံးစီတိုင်း ခပ်​ဖြေး​ဖြေးချင်း ​ပြော​နေ​ပေမယ့် အသက်ရှူလို့မဝပါ။
စကားမဆုံး​သေး​ဘူးဆိုပေမယ့် ဝမ်ရိ​ပေါ်ရဲ့ မျက်နှာထားကို မျက်လွှာတစ်ချက်ပင့်ကြည့်လို့ အကဲခတ်ရ​သေးသည်။
ထင်းထားတဲ့အတိုင်း ဝမ်ရိ​ပေါ်က ဘာမထီရုပ်နဲ့ ။

"ဟားဟား ငါက ဘာများပါလိမ့်လို့ ငပင်းရာ။"

ကိုယ့်စကားကိုပါ သူက တဝါးဝါး​အော်ရယ်ရင်း သ​ဘော​တွေကျ​နေ​သေးသည်။

ပုခုံးကို တဖတ်ဖတ်လာရိုက်သည့် လက်​​​တွေကြားမှ ယွီပင်း ရုန်းထွက်လိုက်ရင်း ​ဒေါသတကြီး ​အော်ဟစ်လိုက်မိသည်။

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now