PART-(7)

2.8K 271 21
                                    

Uni

Sad but it's true💔

RECOMMENDED SONG-TOO GOOD AT GOODBYE by Sam Smith

ကား​ပေါ်က ဆင်းလိုက်ပြီဆိုရုံနဲ့ ရိ​ပေါ်ဟာ လမ်းတစ်ဖက်ရှိ ပလက်​ဖောင်းဆီ ​ရောက်ရန်သာ စိတ်အားထက်သန်​နေခဲ့သည်။
​ဝေးနိုင်သမျှ​ဝေးပါ​စေ​တော့ ဟူ​သောစိတ်ဖြင့် တဇွတ်ထိုး လမ်းဖြတ်​ပြေးတဲ့ ဝမ်ရိ​ပေါ်ဟာ ကားဟွန်းတီးသံ တတီတီကိုလည်း မကြား​နိုင်​တော့သလို ဆဲဆိုကြိမ်း​မောင်းသံအချို့ကိုလည်းလျစ်လျူရှုလျှက်။
​လေဟာနယ်ထဲလွင့်​မျော​နေသလို...
အရာအားလုံး ဗလာနတ္တ​ပျောက်ဆုံးသွားသလို...
အ​မှောင်ထဲတစ်ယောက်ထဲ​ပြေး​နေရသလို....
ယခုတိုင်နားထဲ လမ်းကြုံ ဆို​သောစကားလုံးအချို့ကိုသာ ပဲ့တင်ထပ်စွာ​ကြား​နေရသည်မလို့ ကွယ်​ပျောက်သွားလိုက်ချင်သည်။
​ပေးဆပ်မှု​​တွေက အရာမှ မယွင်း​တာ ဘာအတွက်​ကြောင့်များဆက်ရှင်သန်ရမလဲ။
​နေ့စဥ်ကျလိုက်ရတဲ့ မျက်ရည်
နာလိုက်ရတဲ့ နှလုံးသား
​ပေးဆပ်လိုက်ရတဲ့ ချစ်ခြင်း​တွေ
ဒါ​တောင်ခုထိ လမ်းကြုံ အဆင့်ပဲဆို​တော့ အကို ရက်စက်လွန်းပါသည်။
မဟုတ်​သေးဘူး ​လောကကြီးက ရက်စက်လွန်းပါသည်။
တဇွတ်ထိုး ဆန်စွာ ဖြတ်​ပြေးမှု၏ အကျိုးဆက်အ​နေနဲ့

"ဒုန်း "

ဟူ​သောအသံ​နောက်မှာ ဝမ်ရိ​ပေါ်ဟာ လမ်းမ​ပေါ် ပုံရက်သားလဲကျလျက်။
ကံမ​ကောင်း အ​ကြောင်းမလှတဲ့ ဝမ်ရိ​ပေါ်ဟာ ​ခြေကျင်းဝတ်နာသွားခြင်းနဲ့ ဒူးနဲ့ တံ​တောင်ဆစ်ပွန်းပဲ့ ရာမှလွဲ၍ ဘာမှ ကြီးကြီးမားမဖြစ်သွားခဲ့။
ကံ​ကောင်းအ​ကြောင်းလှစွာနဲ့ ​​သေဆုံးသွားခဲ့ရမှာ
အနည်းဆုံး​လောက်​တော့ အရာအားလုံး​မေ့သွားပြီးလွတ်​မြောက်သွားချင်ခဲ့တာ...

"ရိ​ပေါ် သတိထားဦး​လေကွာ အဆင်​ပြေလား ကိုယ့်ကိုကြည့်"

မျက်နှာ​သေနဲ့ လမ်းမကြမ်းပြင်ကိုသာ အကြည့်ပို့ထားတဲ့ ရိ​ပေါ်ကို မျက်နှာက ဆွဲ​မော့ရင် အကိုနဲ့ အကြည့်ချင်းဆုံ​စေသည်။
မျက်ဝန်းထဲ ​ဝေ့သိုင်း​နေ​သော အကို့မျက်ရည်စတို့​ကြောင့် ကံ​ကောင်း​ထောက်မစွာလို့ ပြန်​တွေးမိပြန်တယ်။
အကို ဆင်းမလာ​လောက်ဖူးလို့ သူထင်ခဲ့တာ။
လမ်းကြုံအဆင့် သူ့ကို အကိုက လမ်းမ​ပေါ်ဒီတိုင်းပစ်ထားခဲ့မယ်လို့ သူတကယ်ထင်ခဲ့တာ

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now