Part2 🖤

3.2K 280 3
                                    

Unicode 🖤🖤

" Moreenလေး..."

"ဟင်..."

"ဟိုမှာတွေ့လား လူနာတွန်းလှည်းလေး "

ဝေး ညွှန်ပြရာဆီ ကြည့်လိုက်တော့ ဆေးရုံလမ်း
ထောင့်မှာကပ်ထားတဲ့ တွန်းလှည်း အလွတ်လေးတစ်ခု

" ဘာလို့လဲဟင်ဝေး"

"ဟီး..Moreenကအဲ့မှာထိုင် တို့နောက်ကနေ
တွန်းပေးမယ်..."

"အာ...ဝေးကလည်း အဲ့တာလူနာတွေထိုင်ရတဲ့ခုံလေ..Moသွားထိုင်လို့ဖြစ်ပါ့မလား.."

"ဖြစ်ပါတယ်Moreenလေးရဲ့ တို့တွန်း​ပေးချင်လို့ပါ နော်...နော်..."

လိုချင်တာကိုမရမကတောင်းတော့မည်မှာ
သူမရဲ့အကျင့်တွေထဲကတစ်ခုပင်
Moreenလေးမှာလည်း သူမအလိုကျတိုင်း ခေါင်းညိမ့်ရုံသာ

"အွန်းပါ အွန်းပါ ဝေးသဘော..."

ထိုအခါမှ ပြုံးပျော်လာတဲ့သူမကြောင့် သက်ပြင်းလေးသာ ခိုးချမိလိုက်တယ်
Moထိုင်လိုက်တာနဲ့ အလိုက်တသိတွန်းလာခဲ့တဲ့သူမ
အများအမြင်မှာတော့ ထိုင်ခုံပေါ်က
ဖြူဖြူသေးသေးလူသားလေးက တကယ့်လူနာလေးလိုပင်

"ဝေး...."

"ဟွန်.."

"ဝေးမှာချစ်ရတဲ့သူရှိလားဟင်..."

တွန်းလှည်းလေးပေါ်မှာထိုင်ရင်း လည်ပြန်မော့ကြည့်ကာမေးလေတော့ ပြုံးစစနဲ့ဖြေလာတဲ့သူမ

"ဟင်အင်း ..တို့ဘဝကို အရွယ်မရောက်ခင်ကတည်းကရုန်းကန်လာရတာ ဒီအခြေအနေရောက်တဲ့ထိပဲလေ တို့အတွက် အချိန်မရှိခဲ့ဘူး
Moreenမှာရောရှိပြီလား..."

ဝေးရဲ့အမေးကို ချက်ချင်းပြန်မဖြေနိုင်ခဲ့ဘူး
အဲ့ဒီမေးခွန်းကိုကြားလိုက်ရချိန် ခေါင်းထဲတိုးဝင်လာတဲ့ ပုံရိပ်တစ်ခုက လေယာဥ်ပေါ်မှာ ဆုံခဲ့တဲ့ လူကြီးရဲ့ပုံစံပင်

အတွေးစတို့ကို အမြန်ဖျောက်ကာ ခေါင်းလေးကို ချက်ချင်းခါယမ်းလိုက်မိတယ်

!ဘာလို့ အဲ့လူကြီးကို မြင်နေရတာလဲ!

စကားလေးတပြောပြောနဲ့ တွန်းလာခဲ့ရင်း အကွေ့တစ်ခုနားရောက်ချိန် မြင်လိုက်ရတဲ့ လူကြောင့် အံသြောသွားမိတဲ့ Moreenလေးမှာ ပါးစပ်အဟောင်းသား
အခုပဲစဥ်းစားမိလိုက်တဲ့ လူကြီးက သူ့ရှေ့မှာမြင်နေရပြီတဲ့လား

He is my " Daddy "Where stories live. Discover now