Unicode 🖤🖤
ကျေးငှက်တို့ရဲ့ တီတီတာတာ အသံလေးတွေက ပတ်ဝန်းကျင်တစ်ခွင် ဆူညံနေပေမယ့်
king size မွေ့ယာပေါ်က ပိုးတုံးလုံးလေးကတော့ ထဖို့အစီစဉ်မရှိသေးမွေ့ယာရဲ့တစ်ဖက်စွန်းမှာ ဝင်ထိုင်လိုက်ပြီး မျက်နှာဖြူဖြူလေးကို သူ့လက်နဲ့ အသာလေးပွတ်သပ်ပေးနေတဲ့ Anzu
ချစ်သည်ဆိုတာထက် မြတ်နိုးသည်
ဒီကလေးငယ် ဒီလူသားအပေါ် အသက်ထက်ပိုတန်ဖိုးထားမိသည်
ခဏတာအချိန်အတွင်း ဒီလောက်ထိချစ်မိသွားလိမ့်မယ်လို့ သူကိုယ်တိုင်လည်းမထင်မှတ်မိ"အသဲလေး... "
တည်ငြိမ်တဲ့အသံသြောသြောကြားတော့ အိပ်ချင်မူးတူနဲ့ မျက်လုံးအစုံကို အားယူကာဖွင့်ကြည့်လာလေတယ်
"Daddy..."
အိပ်ရာနိုးခါစ အက်ကွဲကွဲအသံလေးက ဒီနေ့အတွက်ပျော်ရွှင်စရာများ ဖန်တီးပေးနေသလိုပင်
"အသဲလေး daddyအပြင်သွားစရာရှိတယ်.."
"ကြာမှာလားဟင်..."
"ညနေလောက်ထိပါပဲ daddy မိုးမချူပ်ခင်ပြန်လာခဲ့မယ် အိမ်မှာ နီရိုကျန်နေခဲ့မှာမို့ လိုတာရှိရင် သူ့ကိုခေါ်ခိုင်းလိုက်"
ရှေ့ကိုချက်ချင်း စူထွက်လာတဲ့နှုတ်ခမ်းလေးက ဆွဲကိုက်ပစ်ချင်စရာ
"မသွားလို့မရဘူးလားဟင်..."
ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ ကပ်ချွဲနေပြန်တဲ့သဲငယ်လေး
"Daddy အရေးကြီးလို့ပါ မနက်ဖြန်ကျ အသဲလေးနဲ့ အပြင်လျှောက်လည်ပေးမယ်"
"ကတိနော် daddy..."
"ကတိပါဗျာ...ဒီကိုကြည့်ပါအုံး daddyနမ်းပါရစေအုံး..."
ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို မျက်နှာချင်းဆိုင်စေလိုက်တော့ ချက်ချင်း
အကြည့်လွှဲသွားပြန်တယ်"ဟင်အင်းမနမ်းနဲ့ ညစ်ပတ်နေတယ်.."
မျက်နှာလေးကို လက်သေးသေးလေးတွေနဲ့
အတင်းဖိအုပ်ထားရင် ငြင်းနေတာကြောင့်
Anzuမှာသဘောကျစွာ ရယ်လိုက်ရင်း
လက်လေးတွေကို ဖယ်ယူကာ အလိုရှိရာ နှုတ်ခမ်းလေးဆီ သူ့နှုတ်ခမ်းကို
တစ်ထပ်တည်းကျစေပြီ
VOCÊ ESTÁ LENDO
He is my " Daddy "
Romanceရွက်လွှင့်နေတဲ့တိမ်ပြာပြာတွေက တရွေ့ရွေ့ အဲဲ့ဒီအပြာရောင်ကောင်းကင်ကြီးကို ငေးနေတဲ့ ကြည်ပြာရောင်မျက်ဝန်းလေးကို ဒီလူမှာ ဘယ်လောက်တောင်စွဲလမ်းလိုက်ရသလဲ ရွက်လွှင့်နေတဲ့တိမ်ပြာပြာတွေက တရွေ့ရွေ့ အဲ့ဒီအပြာရောင်ကောင်းကင်ကြီးကို ငေးနေတဲ့ ကြည်ပြာရောင်မျက်ဝန်းလေး...