Part12 🖤

1.5K 133 9
                                    

Unicode 🖤🖤

" နီရို မင်းဒီနေ့အားလား..."

"ဟုတ်ကဲ့အားပါတယ်..."

"ဒါဆို တို့လူတစ်ယောက်လာ
လိမ့်မယ် လေဆိပ်မှာမင်းသွားကြိုပေးလို့ရမလား..."

အနားရောက်လာပြီးပြောတဲ့ Crystalစကားကြောင့် နီရိုမှာအခက်တွေ့နေရသလို အနည်းငယ်လည်းခံပြင်းမိလေသည်

Mr နဲ့လက်ထပ်ပွဲတောင်မကျင်းပရသေးဘဲ
သူမက စတင်ချယ်လှယ်ချင်နေခဲ့ပြီ

"ကျနော်Mrကိုမေးကြည့်လိုက်ပါအုံးမယ်..."

"လိုလို့လား တို့ကသူ့ရဲ့ဇနီးဖြ​စ်လာတော့မယ့်လူပဲလေ မင်းလည်းတို့စကားနားထောင်သင့်တာပဲမဟုတ်လား "

"ကောင်းပြီလေ ကျနော်သွားကြိုပေးမယ်
Mr မေးရင်သာ ခဗျားအဆင်ပြေအောင်ပြောထားပေးပါ "

"okလေ ဒါဆိုလည်းအဆင်ပြေသားပဲ "

"ကျနော်သူမကိုဘယ်လိုရှာရမှာလဲ.."

"မင်းတကူးတကကြီးရှာနေစရာမလိုပါဘူး မင်းတို့အချင်းချင်း သိပြီးသားတွေပဲဟာ သူမကိုယ်တိုင် မင်းဆီရောက်လာလိမ့်မယ်...."

Crystalစကားကြောင့် နီရို အနည်းငယ်အံသြောသွားမိလေသည်

သူမ.......
အဲ့ဒီသူမက ဘယ်သူမို့သူကသိနေရမှာလဲ

!အရေးမပါလိုက်တာ ပြောစရာရှိတာမပြောဘူး!

သို့သော်လည်း ဆက်ပြီးအရစ်ရှည်မနေချင်
မကြာခင် သူကိုယ်တိုင်ဆုံရမှာမို့........

******************🖤🖤**************

အကြိမ်ကြိမ် ထပ်ဖန်တလဲလဲခေါ်နေပေမယ့် တပ်ဆင်ထားခြင်းမရှိတော့တဲ့ ဖုန်းနံပါတ်လေးက Anzuကို လှောင်ပြောင်နေသယောင်

လက်ထဲကဖုန်းကိုကြည့်ရင်း အလိုမကျဖြစ်နေတဲ့
Zuရဲ့ မျက်ခုံးအစုံဟာလည်းတွန့်ကွေးနေစဲ
ကလေးကိုဖျက်ချပစ်တဲ့အပြင် တစ်ခြားအမျိူးသားတစ်ဦးနဲ့ပါ လက်ထပ်တော့မည်တဲ့လား

အားရအောင်အော်ရယ်လိုက်ချင်သည်
သို့သောမရယ်ဖြစ် တသိမ့်သိမ့်နာကျင်နေတဲ့နှလုံးသားက ဓားတစ်လက်နဲ့အစိတ်အစိတ်အမွှာမွှာ မွှန်းထားသလို နာကျင်လွန်းပေသည်

He is my " Daddy "Donde viven las historias. Descúbrelo ahora