Part13 🖤

1.4K 137 15
                                    

Unicode 🖤🖤

"ပါပါး Moအဲ့ဒီလူနဲ့လက်မထပ်ချင်ဘူး Moတောင်းပန်ပါတယ်နော် အင့်..ပါပါးMoပြောတာကိုလက်ခံပေးပါနော်..ဟင့်..."

"စောက်ပါးစပ်ကိုပိတ်ထားစမ်းMiley Moreen
ဘာလဲ မင်းကငါ့ကိုအာခံချင်နေတာလား ဒီလိုအခြေအနေမျိူးနဲ့ တစ်ဖက်လူကမင်းကိုလက်ထပ်တာပဲကံကောင်းတယ်မှတ် တောက် "

"ဟင့်.... မား "

အနားမှာထိုင်နေတဲ့ မိခင်ရင်ခွင်ထဲတိုးဝင်ကာ
ငိုလေတော့သည်

"မငိုပါနဲ့မေမေ့ကလေးလေးရယ် အားလုံးအဆင်ပြေသွားပါလိမ့်မယ် "

သားဖြစ်သူကိုကြည့်ရင်း သူမကိုယ်တိုင်လည်း
မျက်ရည်များဝဲလာရသည်
ဖြစ်နိုင်ရင် သားငယ်လေးရဲ့ ပူပန်မှုတွေအားလုံး
သူမသာ လက်လွှဲယူလိုက်ချင်သည်

"မင်းကသာငိုယိုနေတာ မင်းကောင်ကဖြင့်
မဂ်လာပွဲကျင်းပပြီးပျော်လို့ရွှင်လို့ အဟွန်း
Miley Moreen မင်းကလေ မွေးတုန်းကကျတော့လည်း စောက်ကျိူးနည်းအားနည်းချက်ကြီးနဲ့မိဘတွေကိုအရှက်ကွဲစေတယ် အခုအရွယ်ရောက်လာပြန်တော့လည်း ယောကျာ်းလေးတန်မဲ့ ထပ်ပြီးအရှက်ရစေတယ် မင်းလိုကောင်မျိူးကို ကျွေးမွေးခဲ့မိတာငါ့အမှားပဲ "

"အီးဟီး...ပါပါး...."

"အကိုရယ် ကလေးကိုဘယ်လိုတွေပြောနေရတာလဲ သားငယ်လေးကရော အခုလိုတွေဖြစ်လာချင်ပါ့မလားအကိုရယ် "

"မင်းပါးစပ်ကိုပိတ်ထားလိုက်တော့အနန်း ဒီကောင်ထွက်ပြေးတဲ့နေ့ကတည်းက မင်းသာငါ့ကိုရှာခွင့်ပြုလိုက်ရင် ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိဘူး အခုတော့ကွာ တောက်"

"ဟင့်...အီး..."

ရှိုက်ငိုသံလေးက တစ်စထက်တစ်စကျယ်လောင်လာခဲ့သည်
ပါးပြင်ပေါ် တသွင်သွင်ကျဆင်းလာတဲ့ မျက်ရည်စက်တို့က အကြောင်းတရားမျိူးစုံဖြင့်သာ

!daddy...!

ထပ်တလဲလဲ ရေရွတ်သံလေးက နှလုံးသားအတွင်း အကြိမ်ကြိမ်ရိုက်ခက်ခဲ့သည်
သို့သော် ထုတ်ဖော်ပြသဖို့တော့ မဝံ့ရဲခဲ့ပါလေ

*****************🖤🖤**************

အဖြူရောင်မွေ့ယာကြီးထက် ခင်းထားတဲ့နှင်းဆီနီတို့မှာ ဟိုတစ်စဒီတစ်စ
ချစ်ရသူတွေ့အဖို့ စိတ်ကူးယဥ်စွာ ကြည်နူးဖွယ်ကောင်းသော်လည်း မချစ်မနှစ်သက်သည့်Anzu
အတွက် စိတ်အနှောင့်အယှက်တစ်ခုသာသာပင်

He is my " Daddy "Where stories live. Discover now