Part11🖤

1.3K 132 12
                                    

Unicode 🖤🖤

"တောင်းပန်ပါတယ်Mr ကျနော်Moreenကို
မတားလိုက်နိုင်ဘူး "

လေထဲကတစ်ဆင့် ဖြတ်ဝင်လာတဲ့ Jiroအသံမှာ
ဝမ်းနည်းမှုအပြည့်
ဒီစကားကိုကြားလိုက်ရတဲ့Anzuက သူ့ရဲ့ခေါင်းတစ်ခုလုံးချာလျာလည်သွားသလိုခံစားလိုက်ရတယ်

တစ်ဖက်ကပြောနေတဲ့စကားတွေကို အလိမ်အညာတွေအဖြစ် မယုံချင်
သို့သော် ပြတ်သားစွာကြားနေရတဲ့ Jiroအသံနှင့် ဖုန်းထဲဝင်လာတဲ့ကလေးငယ်ရဲ့ ပုံတစ်ချိူ့က အမှန်တွေဖြစ်ကြောင်းသက်သေပြပေးနေလေသည်

!Moreenက Mrနဲ့ရတဲ့ ကလေးကိုဖျက်ချပစ်တယ်!
နားထဲအကြိမ်ကြိမ်ပြန်ကြားနေရတဲ့စကားတစ်ခွန်းက နှလုံးသားအား အခါခါသတ်၍ ရင်ဘက်တစ်ခုလုံးကို စုတ်ပျက်သွားစေသည်
ဒီအခြေအနေကAnzuအတွက် ငိုရခက် ရယ်ရခက်အခြေအနေကြီး

ရင်သွေးငယ်...
ဒီရင်သွေးငယ်ဆိုတဲ့ဖြစ်တည်မှုလေးကို အခုမှသိရုံရှိသေး အဲ့ဒီကလေးလေးက လူ့လောကကြီးထဲမှာမရှိတော့ဘူးတဲ့လား
လွန်ခဲ့တဲ့၂ရက်လောက်ကပင် သဲငယ်ကသူ့ကိုအရမ်းချစ်ကြောင်းနဲ့ သူကလည်းသဲငယ်ကိုထပ်တူချစ်ရပါကြောင်း အပြန်အလှန်ပြောရင်း အလွမ်းဖြေခဲ့ကြသေးသည်

ထိုးကိုက်လာတဲ့ခေါင်းကို လက်နဲ့ဖိရင်း ဆိုဖာပေါ်
စိတ်ပျက်လက်ပျက်ထိုင်ချမိလိုက်တယ်

"အခုသူဘယ်မှာလဲ "

"မနက်ကပဲ ထိုင်းကိုပြန်သွားတယ်Mr သူ့မိဘတွေဆီအကြောင်းကြားပြီးလာခေါ်ခိုင်းလိုက်တာထင်တယ် "

!MoMo မင်းကွာ လုပ်ရက်တယ် !

ယူကျူံးမရတဲ့စိတ်ခံစားချက်တွေကမချိတင်ကဲ
ပေါက်ကွဲပစ်ချင်သည်
ဘာကြောင့်လဲ စိတ်ရှိတိုင်းအော်မေးလိုက်ချင်သည်

ဒေါသစိတ်ကြောင့် တင်းအောင်ဆုပ်ထားတဲ့လက်နှင့်အတူ ထင်းလာတဲ့မေးကြောနဲ့ နားထင်ကြောများ
ပြီးနောက်သူ့ရဲ့လက်တွေက ဆက်သွယ်ရေးဖုန်းဆီမှာ

"နီရို အခုချက်ချင်းငါ့ဆီလာခဲ့"

သူ့စကားဆုံးသည်နှင့် ကြားလိုက်ရတဲ့တံခါးခေါက်သံသုံးချက်မြည်ပြီးနောက် ရုံးခန်းအတွင်းရောက်လာတဲ့နီရိုမှာ စိုးရိမ်မှုများစွာနဲ့သာ

He is my " Daddy "Donde viven las historias. Descúbrelo ahora