မိန်းကလေးက တံခါးတွန်းဖွင့်ပြီး အခန်းထဲ ဝင်သွားတယ် ။ ဒါကို သက်လတ်ပိုင်းအရွယ်ယောက်ျားကြီးတွေက ပျော်စရာတစ်ခုလို စောင့်ကြည့်နေကြလေရဲ့ ။
မိန်းကလေးက ရီမင်ကို ဆွဲထူပြီး အိပ်ရာပေါ်တင်လိုက်တယ် ။ သူမက တံတွေးတွေတောင် မျိုချလို့ ။
"ကျွန်မ ကူညီပေးပါရစေ "ရီမင်က တစ်ကိုယ်လုံးနာကျင်မှုတွေကို ခံစားနေရပေမယ့် အမောတကောနဲ့ပြောလေတယ် ။
"ထွက်သွား ! ထွက်သွားစမ်း ! "မိန်းမပျိုက လက်ရဲဇက်ရဲနဲ့ ရီမင်နားတိုးကပ်ပြီး ရှပ်အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်လိုက်တယ် ။
ပုံမှန်အချိန်ဆိုရင် ဒီလိုမိန်းမငယ်လေးတစ်ယောက်ကို သူ့လက်တစ်ဖက်တည်းနဲ့တောင် ထိန်းချုပ်ထားနိုင်ပေမယ့် ဒီနေ့ကတော့ မတူတော့ဘူး ။ ဆေးမိထားတဲ့သူက ဒီတစ်ကြိမ်တော့ စိတ်သွားတိုင်း ကိုယ်မပါဘူး ဖြစ်နေပြီ ။
လက်ကလေးတစ်ချောင်းပင် မမြှောက်နိုင်တော့ ။ကြယ်သီးတွေအကုန်အဖြုတ်ခံရပြီး ရီမင့်ရဲ့ ဖြူဆွတ်ချောမွတ်ပြီးတောင့်တင်းတဲ့ ရင်ဘတ်ဖွေးဖွေးလေး ပေါ်လာတာကြောင့် မိန်းမပျိုခမျာ မျက်စိမလွှဲနိုင်ရှာဘူး ။ သူမမျက်နှာလေးက နီရဲလို့လာတယ် ။
အသားမာတွေတက်ပြီး ကြမ်းထော်နေတဲ့ သူမလက်နဲ့
ရီမင့်ညှပ်ရိုးတွေကို ဖွဖွလေး ထိတွေ့လိုက်တယ် ။ အဲ့ဒီကနေတဆင့် မာဆယ်ပါးပါးလေးတွေရှိတဲ့ ရင်ဘတ်တလျောက် စုန်ချည်ဆန်ချည် ပွတ်သပ်နေပြီး ဝမ်းဗိုက်အောက်ပိုင်းကို ဖြေးဖြေးချင်း........................။မိန်းမပျိုရဲ့ မျက်လုံးတွေက သံသယရိပ်တွေ ကဲလာတယ် ။
သူ့ဗိုက်က ဘာလို့ အဲ့လောက်ပူနေရတာလဲ ?
မသိရင် ကိုယ်ဝန်ရှိနေတဲ့အတိုင်းပဲ !
အဲ့ဒီလိုတွေးမိပြီး သူမ ရှက်သွားကာ မျက်နှာက နီရဲလာတယ် ။ လက်ကလေးတွေတောင် အနည်းငယ် တုန်ယင်လို့ ။
ဒီလူက ထူးခြားတဲ့စရိုက်ရှိပြီး အမှန်တကယ် ကြံ့ခိုင်သန်မာပုံလည်းပေါ်တယ် ။ ယောက်ျားပီသပြီး ချောမောတယ် ။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကလည်း သူမမြင်ဖူးခဲ့သမျှ အကောင်းဆုံးဆိုတဲ့ယောက်ျားတွေထက် သာတယ် ။
အခုကစပြီး သူက သူမရဲ့တစ်ဦးတည်းသော ခင်ပွန်းဖြစ်လာတော့မယ် ။
YOU ARE READING
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]
Fantasyကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်လာမှာလဲ Author::Ju...