Chapter 11

28.9K 3.8K 42
                                    

စီအီးအို ဟန်ရဲ့ ဗီလာက တစ်ညလုံး အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေလေတယ်။

ကုမ္ပဏီမှာ လုပ်စရာလေးတွေရှိတာကြောင့် ရီမင် အိပ်ယာထပြီး အလုပ်ကို သွားလိုက်တယ်။
သူ မျှော်လင့်ထားတာထက်သာလွန်အောင်ကို အရာအားလုံးက သမားရိုးကျဆန်နေတယ်။

မနေ့က အဆီတဝင်းဝင်းငါးဖတ်နဲ့ ကျီးဟန်မျက်နှာကို
တိုက်ရိုက်ကြီး သူ ပစ်ပေါက်ခဲ့တာလေ။သူထင်ထားတာက ကျီးဟန်တစ်ယောက်တော့ ယမ်းပုံမီးကျဖြစ်သွားလိမ့်မယ်လို့ပေါ့။
ဒါပေမယ့် ထူးဆန်းနေတယ်။
သူ ထင်ထားသလို ကျီးဟန် ဒေါသထွက်မသွားဘူး။

ဒီလူကြည့်ရတာ သူ ​ထင်တာထက်တောင် ပိုပြီး သီးသန့်ဆန်လာသလိုပဲ။

ရီမင် တစ်နေ့လုံး အလုပ်ပဲ လုပ်​နေခဲ့တာ။အလုပ်ပြီးတော့မှ အနောက်တိုင်းဝတ်စုံပြည့်ကိုဝတ်ပြီး ပရဟိတညစာစားပွဲကိုသွားဖို့ ပြင်ရတယ်။

ပရဟိတညစာစားပွဲလို့ အမည်တပ်ထားပေမယ့် ဒါက အထက်တန်းလွှာတွေရဲ့ ဟန်ပြပွဲတစ်ခုထက်မပိုဘူး။
ဘယ်သူကတော့ ဘယ်လောက်တောင် အလှူငွေထည့်လိုက်တယ် ၊ ဘယ်သူကတော့ ဘယ်လိုပရဟိတလုပ်တယ် ဆိုတဲ့ နာမည်ကောင်းလိုချင်ရုံပဲ။အဓိကရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့အကျိုးအမြတ်အတွက်ပါပဲပေါ့။

ရီမင် ဟိုတယ်ကိုရောက်တော့ ဝင်ပေါက်အပြင်ဘက်မှာ တန်ဖိုးကြီးကားတွေသာ
ပါကင်ထိုးထားလေတယ်။
လေထုထဲမှာလည်း ဒေါ်လာနံ့တွေနဲ့
ဈေးကြီးလွန်းတဲ့ အမျိုးသမီးရေမွှေးနံ့တွေသာ နေရာအပြည့်ယူထားတယ်။

ရီမင် ဝင်ပေါက်က လုံခြုံရေးတွေကို ဖိတ်စာနဲ့ မှတ်ပုံတင်ပြပြီး ပွဲကျင်းပရာ အပေါ်ဆုံးထပ်သို့ တက်လာခဲ့တယ်။
ပွဲတစ်ခုလုံး မီးတွေနဲ့ ထိန်လင်းတောက်ပနေလေရဲ့။
အမျိုးသားတွေရဲ့ လက်ကောက်ဝတ်ထက်က တန်ဖိုးကြီးနာရီတွေနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထက်က လက်ဝတ်ရတနာတွေက ပြိုးပြိုးပျက်ပျက်လက်နေကာ ပွဲလာသူအပေါင်းရဲ့မျက်လုံးတွေကို ကျိန်းစပ်သွားစေတယ်။
သပ်ရပ်သန့်ရှင်းစွာဝတ်ဆင်ထားတဲ့ စားပွဲထိုးလေးတွေကလည်း ဧည့်သည်တွေကို
လစ်ဟင်းမှုမရှိအောင် ဝန်ဆောင်မှုပေးရင်း အလုပ်များနေကြလေတယ်။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now