Chapter 116

14.5K 2.5K 243
                                    

"ရိုးသားရမယ် ?!"

"အင်း..ဟုတ်တယ် "
အန်နာ ခေါင်းညိတ်လိုက်တယ် ။
"ကျွန်မက အချစ်မရှိပေမယ့် အချစ်အကြောင်းတော့ ကောင်းကောင်းကြီး သိပါတယ်..အချစ်မှာ မရှိမဖြစ်လိုအပ်တာက ရိုးသားမှုပဲ...ရိုးသားမှုကို အ​​ခြေခံတဲ့အချစ်ကမှ နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲနိုင်မှာ...သက်ဆုံးတိုင်ချစ်ခြင်းတရားတစ်ခုအတွက်တော့ ရိုးသားမှုရှိခြင်းက အကောင်းဆုံးသော နှောင်ကြိုးပဲ "

ကုဖုန်း သူ့လက်ထဲက အရုပ်လေးသုံးရုပ်ကို ငုံ့ကြည့်ပြီး လှိုက်လှိုက်လှဲလှဲပြုံးလိုက်တယ် ။

"ဥက္ကဌ ကု...အခုလောလောဆယ် ရှင်လုပ်ဖို့လိုအပ်နေတဲ့ ပထမဆုံးတစ်ခုက..... အချိန်ကောင်းလေးတစ်ခုဖန်တီးပြီး ရှောင်ယုလေးကို ရှင် ဘယ်လောက်ချစ်ကြောင်း အလေးအနက် ဖွင့်ဟဝန်ခံဖို့ပဲ "

ကုဖုန်း ရင်တစ်ခုလုံး တသိမ့်သိမ့်နဲ့ ခုန်လှုပ်လာတယ် ။

ပိုင်ရှီရှန်းနဲ့ ဆွေးနွေးပြီးနောက်ပိုင်းမှာ သူ ဖွင့်ပြောဖို့ကြိုးစားခဲ့ပါတယ် ။ ဖွင့်ပြောနိုင်မယ့် အခွင့်အရေးတွေလည်းရခဲ့ပါတယ် ။ဒါပေမယ့် တကယ်တမ်း ယုပေါ်ယွင်ရှေ့ရောက်တဲ့အခါ သူ စိတ်ကူးထားသမျှ သူ တွေးတောထားသမျှဟာ လေမှာလွင့်ပြယ်သွားသလို ပျောက်ပျက်သွားတယ် ။ ဘယ်ကစပြီး ဘယ်လိုပြောရမှန်းမသိလောက်တော့အောင်ပါပဲ ။

ယုပေါ်ယွင်က သူ့ကို ငြင်းပယ်ပြီး လျစ်လျူရှုလိုက်မှာက်ို ကြောက်တာလား ၊ ဒါမှမဟုတ်သူ့ပါးစပ်က ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းထွက်ဖို့ အရမ်းခက်ခဲလွန်းနေတာလား သူ မသိတော့ဘူး ။

ကုဖုန်းက အရုပ်လေးသုံးရုပ်ကို လက်ကမချတော့ဘဲ လည်ဇလုပ်ကလည်း တက်လိုက်ဆင်းလိုက်နဲ့ ။ အလွန်တရာ စိတ်လှုပ်ရှားနေကြောင်း သိသာလွန်းရဲ့ ။

"အဲ့ဒါက တကယ်ပဲ အသုံးဝင်ပါ့မလား "

"အသုံးဝင်ဝင် မဝင်ဝင်.."
အန်နာက ခါးထောက်ပြီး အစ်မကြီးတစ်ယောက်လိုစတိုင်နဲ့ လက်ညှိုးငေါက်ငေါက်ထိုးကာ ဆိုလေတော့တယ် ။
"ကြိုးစားကြည့်ရမှာ ရှင့်အလုပ်လေ..ကျွန်မက ဒီထက်ပိုပြီး ဘာတွေများ ထပ်ပြောရဦးမှာတုန်း...အဲ့ဒီလို တွန့်ဆုတ်ဆုတ်နဲ့ တွေဝေနေလို့ကတော့ ရှောင်ယုလေးကို လုံးဝ ဆုံးရှုံးသွားလိမ့်မယ်နော်...ကျွန်မပြောတာ မမေ့စမ်းနဲ့ "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now