Chapter 6

30.4K 3.3K 87
                                    

ငါးနှစ်က အရမ်းကို ရှည်ကြာတာပဲ။ဘဝတစ်သက်တာလုံးလို့​တောင် ခံစားနေရတယ်။

ရီမင် လေးတွဲ့စွာ သက်ပြင်းချလိုက်တယ်။
"ကောင်းပါပြီ စီအီးအို ဟန်..အဲ့ဒီအတွက် စိတ်မပူပါနဲ့..မနက်ဖန်နေ့လည်ကျရင် ကျွန်တော်အလုပ်သွားလိုက်ပါ့မယ်"

ကျီးဟန် ခေါင်းညိတ်ပြီး ခေါင်းအနောက်လှည့်ကာ ပြောလိုက်တယ်။
"မင်း ငါ့ကို စီအီးအို ဟန်လို့ မခေါ်နဲ့ ...ငါ့နာမည်ပဲ ခေါ်"

ဘာကြောင့်မှန်းတော့မသိဘူး။ရုတ်တရက်ကြီး ရီမင် အဲ့လိုခေါ်လိုက်တာ သူနဲ့ အသားမကျသလိုပဲ။

"ကျန်နေတဲ့ ခြောက်လအတွက် ဒီမှာပဲ မင်းနေနိုင်တယ်..အန်ကယ်လီက အပေါ်ထပ်က ဧည့်သည်ခန်းကို မင်းအတွက် ရှင်းပေးလိမ့်မယ်"

"မလိုပါဘူး..ငါ အိမ်ရှာတွေ့တာနဲ့ ပြောင်းမှာ..
နေ့တိုင်း မင်းတို့နှစ်ယောက်ရဲ့ ပလူးပလဲပုံတွေကို ငါ့ရှေ့မှာ မြင်နေရတာ စပ်ဆုပ်လွန်းလို့"

ကျီးဟန်၏မျက်မှာ သွေးဆုတ်သွားလေတယ်။
"အဲ့ဒါဆိုလည်း မင်းသဘောပဲ"

-------------

နောက်တစ်နေ့မှာ ရီမင် စိတ်တက်ကြွစွာနဲ့ အလုပ်ကို သွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ မနေ့ညက ပိုပြီးအသေးစိတ်ကျတဲ့ စာချုပ်ထပ်ချုပ်ခဲ့ရလို့ပဲ။

သူ ရှော့ခ်ရသွားပေမယ့် စိတ်သက်သာရာလည်းရခဲ့တယ်။သူက ကိန်းဂဏန်းတွေနောက်မှာ သုညငါးလုံးတောင် ထပ်တိုးခဲ့သေးတယ်။

ဘာပဲဖြစ်ဖြစ် သူမှမတတ်နိုင်ပဲလေ။သိပ်တော့လည်း ခြားနားသွားတာမျိုး မရှိပါဘူး။
ငါးနှစ်သက်တမ်းမှာ လေးနှစ်ခွဲတောင် ဖြတ်သန်းခဲ့ပြီးပြီ။ကျန်နေတဲ့ ခြောက်လလေးကို ဘာလို့ တောင့်မခံနိုင်ရမှာလဲ။

သူ့ကိုယ်ပိုင်ပစ္စည်းတွေသယ်ပြီးတော့ အပေါ်ဆုံးထပ်က
လက်ထောက်ရုံးခန်းထဲကို ဝင်လာခဲ့တယ်။
တခြား လက်ထောက်လေးတွေလည်း တစ်မနက်ခင်းလုံး အလုပ်များနေကြပုံပဲ။
လုပ်စရာတွေက အများကြီးပဲ။သူတို့က ရီမင်ကိုမြင်တော့ ခေါင်းဆတ်ပြီး နှုတ်ဆက်ကာ အလုပ်ဆက်လုပ်နေကြလေတယ်။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now