Chapter 87

17.2K 2.5K 137
                                    

ဒီအပိုင်းကစပြီးတော့ Google Translate ကနေ ဘာသာပြန်မှာပါ...ပြောရရင် အဲ့ဒါက မှန်ကန်တိကျမှု မရှိဘူး..တော်တော်အခြေအနေဆိုးတာ..တစ်ချို့စာကြောင်းတွေဆို ဘာကိုဆိုလိုမှန်းတောင် မသိလောက်အောင်ပဲ..
ပြီးတော့ wp မှာ ထပ်တွေ့ထားတဲ့ Eng trans ကလည်း google translate ကနေ ပြန်ကူးထားတာဖြစ်နေတယ်...သေသေချာချာ တိုက်ပြီးစစ်ထားပြီးပြီ..ဒီရက်ပိုင်း မတင်ဖြစ်သေးတာ ကိုယ် မအားတာရယ် အဲ့ဒါတွေလုပ်နေတာရယ်ကြောင့်...
ဒါပေမယ့် မူရင်းနဲ့ တအားကြီး လွဲဖယ်မသွားအောင် တတ်နိုင်သလောက် ကြိုးစားပေးထားတယ်..ဖတ်ရအဆင်မပြေရင်ဖြစ်စေ ၊
အဓိပ္ပါယ်တစ်မျိုးကြီးဖြစ်နေတယ်လို့
ထင်ရင်ဖြစ်စေ ကိုယ့်ကိုပြောပါ..
ပြီးတော့ ဝိုင်းစဥ်းစားပြီး အကြံပေးပါ..google translate ကဟာနဲ့ ဆက်ပြန်ရမလား ဒါမှမဟုတ် အရင်က ​ပြန်နေကျ
Eng translator တင်တာကိုစောင့်ပြီး ပြန်ပေးရမလားဆိုတာ...ဒီတစ်ပိုင်းဖတ်ကြည့်လိုက်ပါ..ပြီးရင် တစ်ခုခုတော့ အကြံပြုသွားပေးနော်...

***********

ဆောင်းရာသီက နေ့တာတိုပြီး ညတာရှည်လွန်းတယ် ။ တဖွဲဖွဲကျဆင်းနေတဲ့ နှင်းဖွေးဖွေးလေးတွေက နေမင်းကြီး ထွက်ပြူမလာနိုင်အောင် အဖြူရောင် မြူတွေနဲ့ ပိတ်ကာလို့ထားလေတယ် ။

အေးစိမ့်နေတဲ့ ဥတုရာသီကြောင့် လူသားတွေက အိပ်ယာထဲက မထွက်ချင်ကြဘူး ။ ယုပေါ်ယွင်လေးလည်း အပါအဝင်ပေါ့ ။ ဒီမနက်တော့ တခြားနေ့တွေထက် ပိုပြီး အေးနေတယ် ။ ဒါကြောင့် ယုပေါ်ယွင်ရဲ့အိပ်ရာထချိန်က အတော်လေး နောက်ကျသွားရတယ် ။

နှစ်သစ်ကူးချိန်လည်း ရောက်လုနီးပြီ ။ လူတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုနည်းလာခဲ့တယ် ။ ဒါကြောင့် Super Ingot ကိုခဏလောက်ပိတ်ထားပြီး သူ့ဝန်ထမ်းလေးတွေကို နားရက်ပေးထားရမယ် ။ နှစ်သစ်ကူးပြီးချိန်လောက်မှပဲ ပြန်ဖွင့်တော့မယ် ။
မလွယ်ကူပေမယ့် စစ်ရမယ့် ငွေစာရင်းတွေကို ဒီရက်ပိုင်းအတွင်း ပြီးအောင် စစ်ထားရမယ် ။

နောက်ဆုံးတော့ အလုပ်သရဲလေး ယုပေါ်ယွင်တစ်ယောက် အိပ်ရာထဲမှာ နှပ်မနေနိုင်တော့ဘူး ။ မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်ပြီး မနက်စာစားဖို့ ပြင်ဆင်နေတယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now