Ep-10 (Uni/Zawgyi)

3.3K 283 15
                                    

Unicode
________











ကုတင်​ပေါ်မှာ အိပ်စက်​နေတဲ့သူမရဲ့မျက်နှာက ​
ရောင်ရမ်း​နေတာ​တွေကိုLisa ​လိမ်း​ဆေးလူး​​ပေး​နေတယ်

တစ်ချက် တစ်ချက် ညည်းသံကြားတိုင်းလည်း
ဝဲတက်လာတဲ့မျက်ရည်နဲ့အတူ အံကိုကြိတ်ထားမိသည်

"JennieKim!
ထ​တော့​လေ ည​​နေ​စောင်းနေပြီ
​တစ်ခုခုစားပြီး ​ဆေး​သောက်ရ​အောင်"

​ခေါင်းကိုပွတ်သပ်​ပေးပြီး နှိုး​တော့
Lisa ရဲ့​ပေါင်​ပေါ်ကို ​ခေါင်းတင်ပြီးတိုး​ဝှေ့လာတာ​ကြောင့်

"Yrrrr ဘာလို့~
ဘယ်ကို​​ခေါင်းနဲ့လာတိုး​နေတာလဲ?"

တိုးတိုး​လေး ​ရေရွတ်လိုက်ရင်း
JennieKimရဲ့​ခေါင်းကို ​ခေါင်းအုံးမှာ
ပြန်​ရွှေ့​ပေးလိုက်​တော့ ပွင့်လာတဲ့မျက်လုံး​တွေ

"နိုးပြီလား?"

"Unnie ​နောက်ကျရင်
တံခါးကို့​lockချထားရမလား?
Lisa ခဏခဏ​ယောင်ပြီးဝင်လာတတ်လို့"

"အိပ်မက် မမက်​နေနဲ့
ထ​တော့ ည​စာစားပြီ​ဆေး​သောက်မယ်"

နှုတ်ခမ်းဆူပြီး ထထိုင်လာတဲ့သူမကို
Lisaကြည့်ပြီး မသိမသာပြုံးလိုက်မိတယ်

"က​လေးလား?
အနိုင်ကျင့်တာကိုခံ​နေရ​အောင်လို့
​နောက်တစ်ခါ ခုလိုမျိုးမဖြစ်​စေနဲ့​နော်
မထိခိုက်မနာကျင်​စေနဲ့ ​နေမ​ကောင်းမဖြစ်နဲ့
ငါ မင်းအဲ့လိုဖြစ်တာကိုလုံးဝ မကြိုက်တာမို့
ထပ်ပြီး​တော့ မဖြစ်ပါနဲ့​ Jennie Kim!"

Jennie ထူးထူးဆန်းဆန်း
စကား​တွေ​ပြော​နေတဲ့ Lisaကို​ကြောင်ကြည့်​​နေမိတယ်
အရင်လိုမာ​ကျောခက်ထန်​နေတာမျိုးမရှိ​တော့ဘဲ
မထင်ထား​​လောက်​အောင် နူးညံ့​ပျော့​​ပျောင်းတဲ့ပုံစံမျိုး

ဒီအ​ခြေအ​နေကို အခွင့်ယူပြီး
Lisaကို လိမ္မာ​အောင်ဆုံးမရမယ်

အ​တွေးနဲ့အတူ
Jennieအားရ​အောင်ပြုံးလိုက်သည်

"Lisa!
ဒီ​နေ့ဖြစ်ခဲ့တဲ့လူ​တွေကိုဘားမှမလုပ်ပါနဲ့​နော်"

"ဘာဖြစ်လို့လဲ?
သူတို့​ကြောင့် မင်းနာကျင်ရတာ​လေ"

"ဟင့်အင်း မလုပ်ပါနဲ့
သူတို့အပြစ်သူတို့ခံရမှာမို့ Lisaက မလုပ်ပါနဲ့
​အဲ့အပြင် ​နောက်ထပ်လူ​တွေကိုလည်း
ထိခိုက်နာကျင်အောင် ဘားမှ မလုပ်ပါနဲ့​တော့​နော်!
Lisa ကို unnieက လိမ္မာ​စေချင်တာ
အခုလိုမျိုး​ နူးနူးညံ့ညံ့ပုံ​စံ​လေးကို​ပေါ့
မာ​ကျော​နေတာက Lisaနဲ့လုံးဝ မလိုက်ဘူး"

Cruel Flowers (Season 1 ) : My existenceWhere stories live. Discover now