Unicode
_________အချစ်ဆိုတာ ချစ်နေဖို့ပဲဆိုပေမယ့် ကိုယ်ကတော့
အတ္တကြီးစွာနဲ့ပဲ မင်းကို ဘယ်သူ့ဆီမှမပေးရက်နိုင်ဘူး
ဒါပေမယ့်လည်း ကိုယ် ကိုယ်တိုင်
မင်းကို ပိုင်ဆိုင်ဖို့ ကြိုးစားလိမ့်မှာမဟုတ်ဘူး
အနားမှာပဲရှိနေပေးပါ
ဒီလောက်နဲ့ပဲ လုံလောက်တာမို့ ကိုယ့်အနားကနေ
ဘယ်တော့မှ မထွက်သွားဘဲနဲ့ ရှိနေပေးပါ
မင်းအမြင်မှာ ဒီလူသားကအရမ်းကိုအေးစက်ပြီး
ကြောက်စရာကောင်းချင် ကောင်းနေလိမ့်မယ်
ဒါပေမယ့် ကိုယ် မင်းကိုသိပ်ချစ်တာကိုတော့ ယုံ
.
.
.
.
.
.
.
.
.
တဖြေးဖြေးလောင်ကျွမ်းနေတဲ့
လက်ညိုးနဲ့လက်ခလယ်ကြားထဲက စီးကရက်ကို
ကုန်ခါနီးလောက်မှာတော့ ဆက်မသောက်ဘဲ
ပြာခွက်ထဲမှာဖိချေပစ်ထည့်လိုက်တယ်ပါးစပ်ထဲကျန်နေသေးတဲ့အငွေ့တွေကို
ပါးစပ်ကနေရော နှာခေါင်းကနေပါ မှုတ်ထုတ်လိုက်တော့
ခဏအကြာမှာ အစအနတောင်ရှာလို့မရတော့တဲ့ အငွေ့တွေကုတင်ခေါင်းရင်းမှာ ရှိနေတဲ့ phကိုလှမ်းယူလိုက်ပြီး
ကြည့်လိုက်တော့ အချိန်က မနက် 4နာရီသာရှိနေသေးတယ်"ဟက်!မိုးတောင်လင်းတော့မယ် ထပ်ပြီးအိပ်မပျော်ခဲ့ပြန်ဘူး"
မဲ့ပြုံးတစ်ချက်ပြုံးပြီး ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်ကာ
ရေချိုးခန်းထဲကိုဝင်ပြီး မျက်နှာသစ် ရေချိုးဖို့ပြင်လိုက်တယ်ခဏအကြာ ရေချိုးပြီးတာနဲ့ အဝတ်ဗီရိုထဲက
များပြားလှတဲ့ ဝတ်စုံတွေထဲမှာမှ အဆင်ပြေတာတစ်စုံကို
ယူဝတ်လိုက်လိုက်ပေမယ့် နာရီဝက်လောက်ထိကြာသွားခဲ့တယ်"ဟင့်အင်း...အရောင်အရမ်းတောက်လွန်းတယ်...
ဒီအရောင်က မွဲပြာပြာကြီး...
ဒီဟာက...
ဒီအရောင်က...
သို့လော သို့လောနဲ့ တော်တော်လေးကြာမှ
ပန်းရောင် အောက်ခံကို အနက်ရောင်pantရယ်
ဘယ်ဖက်ရင်ဘက်နားမှာ ဒေစီပန်းပွင့်ပုံထိုးထားတဲ့
အနက်ရောင် blazerကို တွဲဖက်ဝတ်ဆင်ပြီးတဲ့နောက်မှာတော့
အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်
ŞİMDİ OKUDUĞUN
Cruel Flowers (Season 1 ) : My existence
Hayran Kurguချစ်တယ်လို့ခဏခဏထုတ်မပြောပြပေမယ့် မင်းအတွက်ဆို ကိုယ့်အသားကိုမီးစာအဖြစ်နဲ့ အလင်းပေးပြီး အလောင်ကျွမ်းခံမယ့်သူ... ချစ်တယ်လို့ခဏခဏထုတ်မပြောပြပေမယ့် မင်းအတွက်ဆို ကိုယ့်အသားကိုမီးစာအဖြစ်နဲ့ အလင်းပေးပြီး အလောင်ကျွမ်းခံမယ့်သူ... S1,S2 & S3