Ep-6 (Uni/Zawgyi)

3.1K 300 34
                                    

Unicode
_________







တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ​​နေပြီး
မျက်စိ​တွေကို အားယူဖွင့်လိုက်​တော့
ပထမဆုံးမြင်ရတာက Jennieရဲ့​ဘေးမှာလှဲပြီး
မိမိကို မျက်ဝန်းလဲ့​တွေနဲ့ ​သေချာကြည့်နေသူက Lisaပင်

"နိုးလာပြီလား Jennie Kim?
မ​နေ့က ​ဆေးရုံဝင်ပြတာ​ရောမှတ်မိလား?"

Jennie ​ခေါင်းခါလိုက်တယ်
တကယ့်ကို ဘာဆိုဘာမှ မမှတ်မိတာ
မ​နေ့ကမိုး​ရေထဲ Lisa​ရောက်လာတယ်
​နောက်ပြီး ဘာဆက်ဖြစ်လဲ မသိဘူး

"အဲ့​လောက် ချူချာတာ
ဒီလိုပုံမျိုးနဲ့ မင်းက ​ခေါင်းမာချင်​​သေးတယ်"

"​တောင်းပန်ပါတယ်"

"ထ​​ပြီးမျက်နှာသစ်လိုက်
​အောက်မှာ မနက်စာစားဖို့ဆင်းလာခဲ့
ဒါမင်း​နေရမယ့်အခန်းပဲ ​ဘေးက​တော့ ငါ့အခန်း"

"အင်း"

Jennie မျက်နှာသစ်ဖို့ ထလိုက်​တော့
Lisa လည်း အခန်းထဲက​နေ ထွက်သွားသည်

​ဘေစင်က မှန်ကိုကြည့်​နေရင်း
လည်ပင်းနား​လောက်မှာ အနည်းငယ်ကြီးတဲ့
နီညိုကွက်ကြီး​ကြောင့် မျက်လုံး​တွေပြူးကျယ်သွားခဲ့တယ်

"ဒါက...











~~~~~~~~~~~~~~~~~~~~~~~~



Lisa ​အောက်ထပ်ကိုဆင်းလာ​တော့
Chaeyoung နဲ့ ဦး​လေးက ​မနက်စာစားဖို့
အကြာကြီး ​စောင့်​နေရတယ် ထင်တယ်

"စားနှင့်တာမဟုတ်ဘူး"

ထိုင်ခုံမှာဝင်ထိုင်ပြီး ​ပြောလိုက်​တယ်

"နင် မ​နေ့က တစ်ညလုံး
JennieKim ရဲ့ အခန်းထဲမှာပဲလား?"

"ဘာကို JennieKimလဲ?
သူက နင့်ထက်အသက်ကြီးတယ်
​နောက်ကို အဲ့လိုမ​ခေါ်နဲ့"

"နင်ကျ​တော့​ကော?
နင့်ထက်ငါ 1နှစ်ကြီး​တောင်ကြီးတယ်
ငါ့ကိုလည်း နင်ကမရိုမ​သေနဲ့​လေ"

Lisa ဘားမှမ​ပြောဘဲငြိမ်​နေလိုက်တယ်

"ကဲပါ ရန်မဖြစ်ကြနဲ့
သမီးChaeက Jennie​လေးကို
Unnie လို့ ​လေး​လေးစားစား​ခေါ်​လေ"

"ဟုတ်ကဲ့"

ဆူပုတ်ပြီး ပန်းကန်ထဲက
ကြက်ဥ​ကြော်အနှစ်ကို ခက်ရင်းနဲ့
စိတ်ရှိလက်ရှိ​ထိုးမွှေ​နေတဲ့ Chaeyoungကို
Lisa ကြည့်ပြီး အနည်းငယ်​တော့ပြုံးမိတယ်

Cruel Flowers (Season 1 ) : My existenceTempat cerita menjadi hidup. Temukan sekarang