Ep-2 (Uni/Zawgyi)

4.5K 337 24
                                    

Unicode
_________




"နာမည်ဘယ်လို​ခေါ်လဲ?"

Flowering swallows ဆိုတဲ့
မိဘမဲ့​ဂေဟာ​လေးရဲ့အတွင်းဖက်မှာ​တော့
ကျန်းမာ​ရေးလာစစ်​ပေးတဲ့ ဆရာဝန်​တွေက
အလုပ်ရှုပ်​နေခဲ့တယ်

ပြီး​တော့ သူတို့နဲ့အတူပါလာတဲ့
က​လေးမ​​လေးတစ်ဦးဆီကို သူမထက်
အသက်နည်းနည်းငယ်တဲ့ က​လေးမ​လေးက
စကားလာ​ပြောခဲ့တယ်

ခြံထဲမှာစိုက်ထားတဲ့ ပန်း​တွေကို
Camera​လေးနဲ့ ဓါတ်ပုံရိုက်​နေတဲ့
က​လေးမ​လေးက ရုတ်တရက်​မေးလာတဲ့သူမကို...

"ဟင်?"

"နာမည်သိချင်လို့"

"Jennie!
Unnie နာမည်က Jennieလို့​ခေါ်တယ်
ဒီက ညီမ​လေးက​ကော?"

"Lisa!"

"ဒီ​ဂေဟာကပဲလား lisaက?"

Lisa ​ခေါင်းညိမ့်ပြလိုက်တယ်

"Unnie ရဲ့အ​ဖေက
ဒီကို​ အခု ဆေးလာကု​​ပေးတဲ့ဆရာဝန်​လေ
ဒါနဲ့ lisaက အသက်ဘယ်​လောက်လဲ?"

"9နှစ်!"

လိုရင်ပဲ​ပြောတတ်တာ lisaအကျင့်ဖြစ်ပြီး
စကားများတဲ့သူကို lisaကြည့်မရဘူး
ဒါ​ပေမယ့် အ​​ရှေ့က လူသား​လေးကို​တော့ ချွင်းချက်​ပေါ့
ဘာ​ကြောင့်လဲဆိုတာကို lisaစဥ်းစားမရဘူး

"Unnieက 13နှစ်"

"အင်း"

​ခေါင်းညိမ့်ပြလိုက်ပြီး
​ဂေဟာထဲကို ပြန်ဝင်သွားတဲ့ က​လေးမ​လေးကို
Jennie ပြုံးပြီးကြည့်​နေလိုက်ရင်း
​အ​စောက ရိုက်လက်စအပင်​တွေကို
ဆက်ပြီး ဓါတ်ပုံ ရိုက်​နေလိုက်တယ်

အထဲက​နေ သူမကို ​ချောင်းကြည့်​နေတဲ့
က​လေးမ​လေးကို​တော့ သတိမထားမိဘဲနဲ့​​ပေါ့









~~~~~~~~~~~~~~~~~~~~~~~~~~



မျက်ရည်​တွေနဲ့ ရပ်နေတဲ့ ​ကောင်မ​လေးတစ်ဦးနဲ့
ခြံထဲက​နေ ​ဒေါသတကြီး ပစ္စည်း​တွေကိုလွှင့်ပစ်​နေတဲ့
အမျိုးသမီးကြီးတစ်ဦး...

"နင့်အ​ဖေနဲ့အ​မေ မဆုံးခင် ဒီအိမ်ကို​ပေါင်ထားခဲ့တာ
အခု ဒါက ငါ့အိမ် ၊ နင်ထွက်သွား!"

ငို​နေရုံပဲတတ်နိုင်ပြီး​တော့
အရမ်းကိုဖြူစင်လွန်းတဲ့ ပန်းတစ်ပွင့်​လေး
ပြီ​တော့ ပန်း​လေးနာကျင်​အောင်လုပ်​တဲ့အဲ့မိန်းမကြီးကို
အကွယ်မှာရပ်​နေတဲ့ တစ်စုံတစ်​ယောက်က​တော့
​သေရာပါတဲ့အထိ မ​မေ့​အောင် မှတ်လို့ထားတယ်

Cruel Flowers (Season 1 ) : My existenceWhere stories live. Discover now