Unicode
________Chaeyoung ရဲ့အခန်းထဲမှာ Lisaဘာမှမပြောဘဲ
ငြိမ်နေတာ နာရီဝက်နီးပါးလောက် ရှိနေပြီဖြစ်တယ်" ငါက နင့်ကိုအချစ်ဆုံးသူငယ်ချင်းလို့သတ်မှတ်ခဲ့တာ
ဒါပေမယ့် နင်ကဘာလို့ လှို့ဝှက်ချက်တွေများနေရတာလဲ ?
နောက်ပြီး အဲ့ဒါတွေက ငါသိခွင့်မရှိလောက်တဲ့အထိ "စာရေးခုံမှာ စာဖတ်ရင်းပြောနေတဲ့ Chaeyoungကို
Lisa သက်ပြင်းချပြီး သူ့ဘေးနားမှာ သွားရပ်လိုက်တယ်" မနက်ဖြန်စာမေးပွဲရှိတယ်မှတ်လား ? "
" ငါ အားလုံးရပြီးသား Lisa !
ဒါပေမယ့် နင် ငါမေးတာသာမဖြေရင်
မနက်ဖြန်စာမေးပွဲအတွက် ငါ့စိတ်အခြေအနေက
ပြသာနာဖြစ်လာနိုင်တယ် "" Chaeyoung ! "
" ဖြေလေ Lisa !
အနည်းဆုံးတော့ နင်နဲ့ပတ်သတ်ရင်
အားလုံးက ငါမသိသင့်တဲ့အရာမဟုတ်ဘူးမှတ်လား ? "ဒေါသထွက်နေတဲ့ Chaeyoung ရဲ့အခုပုံစံကို
Lisa အစောက နာရီဝက်ထိတိုင် တစ်ခါမှမမြင်ဖူးသေးဘူး
အဲ့အတွက် ထိန်းချုပ်ဖို့ရာလည်း ဖြစ်နိုင်မှာမဟုတ် ~" အင်း ငါနဲ့ JennieKim က ချစ်သူတွေ "
မိနစ်ပိုင်းလေးတိတ်ဆိတ်သွားပြီး
Chaeyoung က သက်ပြင်းရှည်တစ်ခုချတယ်" ငါ့ကို အဲ့ဒါဖုံးကွယ်ထားစရာလိုလား ?
နင်နဲ့ပတ်သတ်ပြီး ငါမသိတာ ဘယ်နှခုတောင်လဲ ? "" ဘာအတွက်လဲ Chaeyoung ?
ဘာကြောင့် အရာအားလုံးကိုနင်သိဖို့လိုတာလဲ ?
ငါတို့က ဒီအတိုင်း သူငယ်ချင်းတွေပဲလေ "Lisa ရဲ့ ဒေါသပါတဲ့အသံက Chaeyoungကို
အတော်လေး စိတ်ပျက်ပြီး ဝမ်းနည်းစေမိမှာအမှန်ပါ" ငါတို့က သူငယ်ချင်းတွေမို့လို့ပေါ့
အခင်ဆုံးနဲ့အချစ်ဆုံးသူငယ်ချင်းတွေလေ ~ ငါ့ဖက်က "" ငါ ...
" အဲ့တုန်းက ဦးလေးဆီ နင့်ကိုမခေါ်လာခဲ့သင့်ဘူး "
ပတ်ဝန်းကျင်လေထုက ပူပြင်းလာတယ်
အဲ့လေထုမှာ ကျောချမ်းစရာကတော့ Lisa ရဲ့အကြည့်ပဲ
BINABASA MO ANG
Cruel Flowers (Season 1 ) : My existence
Fanfictionချစ်တယ်လို့ခဏခဏထုတ်မပြောပြပေမယ့် မင်းအတွက်ဆို ကိုယ့်အသားကိုမီးစာအဖြစ်နဲ့ အလင်းပေးပြီး အလောင်ကျွမ်းခံမယ့်သူ... ချစ်တယ်လို့ခဏခဏထုတ်မပြောပြပေမယ့် မင်းအတွက်ဆို ကိုယ့်အသားကိုမီးစာအဖြစ်နဲ့ အလင်းပေးပြီး အလောင်ကျွမ်းခံမယ့်သူ... S1,S2 & S3