Chapter6

438 51 10
                                    

Unicode

"ကလင် ကလင် ကလင်"

တောက်လျှောက်မရပ်မနားမြည်နေတဲ့ alarmသံကြောင့် အိပ်ယာပေါ်မှာ ဒူးနှစ်ဖက်ကိုလက်ဖြင့်ပိုက်ရင်း ကွေးနေတဲ့ ဟာရုတို မျက်မှောင်ကြုံ့ပြီး လူးလွန့်လာသည် ။ မျက်လုံးကိုတော့ မဖွင့်ရသေး ။

နောက်ဆုံး မခံမရပ်နိုင်လောက်အောင် နားညီးလာတာကြောင့် နာရီရဲ့ထိပ်ဆုံးပိုင်းက ခလုတ်လေးကိုနှိပ်လိုက်မှပဲ ငြိမ်းချမ်းမှုရရှိသွားသလိုပင် ။

ထို့နောက် ခေါင်းအုံးဘေးချထားသော ဖုန်းကို ကောက်ကိုင်ရင်း လေးလံနေတဲ့မျက်လုံးကို ဖွင့်လိုက်သည် ။ ဖုန်းဖွင့်ပြီးတာနဲ့ နာရီကိုပဲ မျက်လုံးကပြေးကြည့်မိသည် ။

နံနက် ခုနစ်နာရီ ။

ပုံမှန်ဆို ဒီလိုနေ့မျိုးမှာ အပူအပင်မရှိ အိပ်နေရမှာဆိုပေမယ့် ခြေဆန့်လက်ဆန့် မအိပ်နိုင်ခြင်းက ဒီနေ့ ပန်းချီပြပွဲလုပ်မယ့်နေ့ ဖြစ်နေလို့ပင် ။

ကိုယ်ဆွဲထားရတဲ့ ပန်းချီကားတွေကို ကိုယ်တိုင်ကိုယ်ကျတော့ တစ်ခါလောက် သွားကြည့်ချင်သေးသည် ။ ပြီးလျှင်လဲ ဝယ်သူတွေလက်ထဲရောက်သွားရမယ့် ပန်းချီကားတွေဆိုတော့ ပိုင်ရှင်ဖြစ်သူ ကိုယ်နှင့်ပင် ခွဲခွာရမည်မဟုတ်လား ။ ဒီတော့ နောက်ဆုံးအနေနှင့် သွားနှုတ်ဆက်သင့်သည်လေ ။

ပန်းချီပြပွဲကို သွားကိုသွားရမည့် အကြောင်းပြချက်ထဲတွင် ဂျွန်ကယူ hyung လဲ ပါသည် ။ ပြပွဲစီစဉ်သူကို အကြောင်းပြချက်မျိုးစုံဖြင့် ယမန်နေ့တွေက ရှောင်ခဲ့ခြင်းအကျိုးက ဒီနေ့မှာတော့ မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ရတော့မည် ။

ရှောင်တယ်ဆိုတာကလဲ ဘယ်သူ့ကြောင့်မှမဟုတ် ။ ကိုယ်ကိုယ်တိုင်ကြောင့်သာ ။

ထိုသူပြုံးလျှင် လူကဆေးမိထားသလို ကြောင်တောင်တောင်ဖြစ်ပြီး သူ့ကို ငေးကြည့်နေမိတာမျိုး ။

သူ့မျက်နှာ ညှိုးနွမ်းနေရင် ကိုယ်ကပါ စိတ်ထဲကနေ ဝမ်းနည်းသလိုလို ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားတာမျိုး ။

သူလုပ်သမျှအရာရာကို ကိုယ်တိုင်မသိလိုက်ခင်မှာပဲ လိုက်ကြည့်နေမိတာမျိုး ။

I AM THE ONLY ONE TO LOVE YOU || HIATUSWhere stories live. Discover now