Chapter7

436 56 5
                                    

Unicode

"ဟာရုတို"

ရုတ်တရက် နားထဲတိုးဝင်လာသည့် ကျယ်လောင်လှသော အသံ ။ အနီးအနားကို ဝေ့ကြည့်လိုက်တော့ ဘေးနားမှာရပ်ပြီး
ဟာရုတိုကို မျက်မှောင်ကြုံ့ရင်း ကြည့်နေသော ဒိုယောင်း ။

"မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ"

"ငါ့အလုပ်ငါလာတာလေ မင်းဘာတွေကြောင်နေတာလဲ"

ဒိုယောင်း ပြန်ပြောလိုက်မှ ဟာရုတို အသိစိတ်ပြန်ဝင်သွားရသည် ။

ဟာရုတို အခုရောက်နေတာ စတူဒီယိုမှာဖြစ်သည် ။ လွန်ခဲ့တဲ့မိနစ်ပိုင်းကပင် ဒိုယောင်းက သူလာခဲ့မယ်ဟု ဖုန်းဆက်ပြီး ဟာရုတိုက အခုဒိုယောင်းအလာကို စောင့်နေတုန်း ဖြစ်၏။

"မင်းခုတလော ဘာဖြစ်နေတာလဲ? ပုံမှန်မဟုတ်တာတော့ သေချာတယ်"

ဟာရုတိုကို မသက်ာသောမျက်လုံးများဖြင့် ကြည့်လာသော ဒိုယောင်း ပြောလဲပြောချင်စရာပင် ။

ပြပွဲနေ့ပြီးထဲက ဟာရုတို ဦးနှောက်ထဲ ရာထောင်ချီသောအတွေးပေါင်းစုံ ဝင်လာခဲ့သည် ။

သေချာပေါက် ဂျွန်ကယူhyungနှင့် သက်ဆိုင်သော အတွေးများပင်ဖြစ်သည် ။

ဂျွန်ကယူhyungနှင့် နောက်ဆုံးတွေ့ပြီးသည့်အချိန်မှာ ဟာရုတိုသဘောပေါက်မိတာက ဂျွန်ကယူhyung အပေါ် ညီအစ်ကိုဆက်ဆံရေးထက်ပိုသော
ခံစားချက်အချို့ ရှိနေပြီ ဆိုသော အချက်ဖြစ်သည် ။

ဆက်ပြီး ဝင်လာသော အတွေးများက
'ငါက ဂေးလား?'
'ဘာလို့ ဂျွန်ကယူhyungလဲ?'
'ကြိုက်ယုံ သဘောကျယုံအဆင့်လား? ချစ်တဲ့အထိ တွဲချင်တဲ့အထိလား?'

စသည့် ‌မေးခွန်းများစွာပင် ဖြစ်သည် ။

ဘဝမှာ ပထမဆုံးအနေနှင့် ယောက်ျားလေးတစ်ယောက်ကို စိတ်ဝင်စားဖူးခြင်း ဖြစ်သည့်အလျောက် ဟာရုတိုစိတ်ထဲမှာ အလွန်တရာ ရှုပ်ထွေးနေသည် ။

ထို့ကြောင့် ဒီရက်ပိုင်း အသိစိတ်မကပ်ရခြင်း၏ တရားခံကို ဟာရုတို၏အချစ်ရေး ဟု ခေါင်းစဉ်တပ်၍ ရလောက်သည် ။

"ဟေ့ကောင် ပြောနေရင်းနဲ့တင် ကြောင်တောင်တောင်ကြီးဖြစ်သွားပြန်ပြီ"

I AM THE ONLY ONE TO LOVE YOU || HIATUSWhere stories live. Discover now