Unicode
"ဘာ"
မျက်လုံးနှစ်လုံးကိုပြုတ်ထွက်မတတ် ပြူးထားသော ဒိုယောင်း ။
ဟာရုတို မအံ့ဩ ။
ကိုယ်စိတ်ဝင်စားတာ ယောက်ျားလေးတွေဖြစ်ကြောင်း ပြောပြရန်ကြံစည်ကတည်းက
အနည်းဆုံး ဒီလို တုံ့ပြန်ချက်မျိုးရလိမ့်မယ်လို့တော့ ကြိုတွေးထားသည် ။"တကယ်ပြောနေတာလား"
မျက်လုံးက မပြူးတော့ပေမယ့်
မယုံကြည်နိုင်သောအရိပ်အယောင်တွေ
သမ်းနေဆဲပင် ။ဟာရုတိုခေါင်းညိမ့်ပြလိုက်သည် ။
"ဂျောင်ဝူးရော သိလား"
ဒီတစ်ခါတော့ ခေါင်းခါပြလိုက်၏။
"ဒီနေ့ပြောမလို့ ငါ့အိမ်မှာချိန်းထားတယ်
သူက ခုတလောမအားလို့လေ"ဟာရုတိုအပြောကို ခေါင်းညိမ့်ရင်းသာ
တုံ့ပြန်သည် ။
ပြီးမှ ဖြည်းဖြည်းချင်းပြော၏။"အဲ့ဒီ့တော့ သဘောကျတဲ့လူကရော"
"အင်း ရှိနေပြီ"
"တကယ်"
ထပ်မံ ပြူးကျယ်လာသော မျက်လုံးတွေနှင့်
ဟာရုတိုကို တအံ့တဩကြည့်နေသော
ဒိုယောင်း ။မျက်တောင်ကိုတဖျတ်ဖျတ်ခတ်လိုက်ရင်း
ခေါင်းညိမ့်ပြတော့ 'ဝါး' တစ်ခွန်းသာ
ပြန်ပြော၏။"နေပါဦး ကြာပြီလား
ဘယ်လိုသိတာလဲ
မဟုတ်မှ မင်းသဘောကျတာက
ငါတော့မဟုတ်ပါဘူးနော်""ချီး မင်းကိုသဘောကျမယ့်အစား
ငါရေကန်ထဲပဲခုန်ချလိုက်မယ်"ဒိုယောင်းက နှာခေါင်းရှုံ့ပြပြီး ဟာရုတိုကို ဆက်မေးသည်။
"ငါမေးတာတွေဖြေဦး"
"မကြာသေးဘူး
သူ့ကိုသဘောကျနေမှန်း သတိထားမိရင်းကမှ
သိတာ
သိတာနဲ့ မင်းကိုပြောပြဖြစ်တာပဲ"ဒိုယောင်းက အော် တစ်လုံးသာပြော၏။
"ဘယ်သူလဲသူက"
ဟာရုတို ဒိုယောင်းကို တစ်ချက်ကြည့်လိုက်သည် ။
အကြည့်ချင်းဆုံတော့ တစ်ဖက်ကိုမျက်နှာလွှဲလိုက်၏။
YOU ARE READING
I AM THE ONLY ONE TO LOVE YOU || HIATUS
Fanfictionအစ်ကို့ကိုချစ်ခွင့်ရတဲ့သူက ဒီကမ္ဘာမှာ ကျွန်တော်တစ်ယောက်တည်းသာ ဖြစ်ရပါလို၏ Haruto X Junkyu Ft.Jeongwoo (MM fanfic)